မန်ယူနိုက်တက်ကနေ စောစောစီးစီးထွက်ဖို့ ကြိုးစားခဲ့ဖူးပြီး ပိတ်ပင်ခံခဲ့ရတယ်လို့ ပေါ့ဘာ ဖွင့်ဟဝန်ခံ

0

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၂၂ နွေရာသီမှာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ အလွတ်နဲ့ ပြန်မပြောင်းရွှေ့ခင်မှာ မန်ယူနိုက်တက်အသင်းကနေ သူထွက်ခွာချင်ခဲ့တာကြာပြီလို့ ဝန်ခံခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းအကယ်ဒမီထွက် ပေါ့ဘာဟာ ၂၀၁၂ က ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် (၄)နှစ်အကြာ ၂၀၁၆ မှာ ပေါင်(၈၉.၃)သန်းနဲ့ မန်ယူနိုက်တက်ထံအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့သူပါ။

ပေါ့ဘာဟာ မန်ယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ကစားတဲ့ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ပေါ့ဘာဟာ နည်းပြဟောင်း မော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေလည်း ရှိခဲ့ပေမယ့် စာချုပ်ကုန်ဆုံးချိန်အထိ မန်ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိခဲ့တာပါ။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းထံ ပြန်မပြောင်းရွှေ့ခင်ကတည်းက မန်ယူနိုက်တက်အသင်းကနေ စောစီးစွာထွက်ခွာချင်ခဲ့ပေမယ့် ဒီအချိန်တုန်းက အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်တဲ့ အက်ဒ်ဝုဒ်ဝက်က အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပေါ့ဘာဟာ ၂၀၂၂ နွေရာသီမှ အလွတ်နဲ့ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ပေါ့ဘာက “ဟိုဆေးထွက်ခွာပြီး အိုလီရောက်လာတဲ့အချိန်မှာ ကျွန်တော့်ရဲ့ယူနိုက်တက်အကောင်းရာသီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲအပြီးမှာ ကျွန်တော့်ရဲ့နောက်ဆုံးရာသီလို့ထင်ပြီး ထွက်ခွာချင်တဲ့အကြောင်းကို အိုလီနဲ့ အက်ဒ်ဝုဒ်ဝက်ကို ပြောခဲ့ပါတယ်။ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ကလပ်က အထက်ပိုင်းကို ပြန်မတက်တော့ပါဘူး။ ကျွန်တော်ထွက်ခွာဖို့ ကြိုးစားခဲ့တာကို အက်ဒ်ဝုဒ်ဝက်က ပိတ်ပင်ခဲ့ပါတယ်”လို့ Daily Mail ကို ပြောခဲ့ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းထံ ပြန်လာခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရသလို တားမြစ်ဆေးသုံးစွဲခဲ့တယ်ဆိုပြီး (၄)နှစ်ပွဲကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းလည်းခံခဲ့ရတာပါ။ ဒါပေမယ့် ပေါ့ဘာဟာ နိုင်ငံတကာအားကစားခုံရုံးထံအယူခံဝင်ခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကို (၁၈)လအထိ လျှော့ချခဲ့တာကြောင့် လာမယ့်နှစ်မတ်လမှာ ဘောလုံးပြန်လည်ကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *