နော်ဝစ်ချ်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ ဝီလ်ရှိုင်းယား သဘောတူညီမှုရရှိ

0

အာဆင်နယ်ယူ-၁၈ အသင်းနည်းပြ ဝီလ်ရှိုင်းယားဟာ ချန်ပီယံရှစ်ကလပ် နော်ဝစ်ချ်အသင်းမှာ ပထမအသင်းနည်းပြရာထူးရယူကာ နည်းပြအဖွဲ့ဝင်အဖြစ်ပူးပေါင်းဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းကြယ်ပွင့်ဟောင်း ဝီလ်ရှိုင်းယားဟာ အသက်(၃၀)နှစ်အရွယ် ၂၀၂၂ မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် အာဆင်နယ်ယူ-၁၈ အသင်းကို နည်းပြအဖြစ်တာဝန်ယူနေသူပါ။

အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၁၉၇)ပွဲပါဝင်ကစားခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ အာဆင်နယ်ယူ-၁၈ အသင်းကို သူကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ FA Youth Cup ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့လက စတုတ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တဲ့ နာဆစ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး နော်ဝစ်ချ်အသင်းရဲ့ပထမအသင်းနည်းပြအဖြစ်တာဝန်ယူရမှာပါ။

အသက်(၃၂)နှစ်အရွယ်ရှိ ဝီလ်ရှိုင်းယားဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ နော်ဝစ်ချ်အသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ရှိနေပြီး လာမယ့်အပတ် ကစားမယ့်ပွဲစဉ်မှာ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ ဝီလ်ရှိုင်းယားဟာ မေဂျာလိဂ်ကလပ် ကော်လိုရာဒိုအသင်းနည်းပြရာထူးအတွက် ဆွေးနွေးမှုတွေလည်း ရှိခဲ့ပေမယ့် သူဟာ အာဆင်နယ်ယူ-၁၈ အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ နော်ဝစ်ချ်အသင်းဟာ ဝီလ်ရှိုင်းယားကို ရေရှည်စီမံကိန်းနဲ့ ပထမအသင်းနည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

နော်ဝစ်ချ်အသင်းဟာ ဒီရာသီချန်ပီယံရှစ်ပွဲစဉ်(၉)ပွဲကစားအပြီးမှာ ရမှတ်(၁၅)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၇)နေရာမှာ ရပ်တည်နေပြီး အဆင့်(၁)နေရာက ဆန်းဒါးလန်းအသင်းနဲ့(၄)မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *