ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့ပေမယ့် ဘိုနီဖေ့စ် ကြီးကြီးမားမား ဒဏ်ရာရခဲ့ခြင်းမရှိ

0

လေဗာကူဆင်အသင်းတိုက်စစ်မှူး ဘိုနီဖေ့စ်ဟာ စနေနေ့က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့ပြီးနောက် ကြီးကြီးမားမားဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီအဖြစ်အပျက်မတိုင်ခင်မှာ ဘိုနီဖေ့စ်ဟာ လေဗာကူဆင်အသင်းက ဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ လေဗာကူဆင်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဒါပေမယ့် ဘိုနီဖေ့စ်ဟာ ကြီးမားတဲ့ ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့ပြီးနောက် ညနေပိုင်းမှာ ဆေးရုံကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ ဘိုနီဖေ့စ်ဟာ ယာဉ်တိုက်မှုကြောင့် လက်မှာဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး သူအဆင်ပြေတယ်လို့ လေဗာကူဆင်အသင်းက ဆိုထားပါတယ်။ ဘိုနီဖေ့စ်ဟာ ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့တယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက ဂျာမန်သတင်းစာ BILD ကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။

ဘိုနီဖေ့စ်ဟာ သူစီးလာတဲ့ မာစီးဒီးစ်ကားတိုက်ခံရတဲ့ ပုံအများအပြားကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ ဘိုနီဖေ့စ်ဟာ ဆေးရုံပေါ်ရောက်နေတဲ့ သူ့ရဲ့ပုံနဲ့အတူ “Thank You Lord”ဆိုပြီး စာရေးသားက ဆိုရှယ်မီဒီယာပေါ်တင်ထားခဲ့တာပါ။ ဘိုနီဖေ့စ်ဟာ မာစီးဒီးစ်ကားကို မောင်းနှင်ခဲ့ခြင်းမရှိပေမယ့် သူငယ်ချင်းတွေကို သွားခေါ်ဖို့ ဖရန့်ဖတ်လေဆိပ်သွားရောက်ခဲ့တာလို့ သိရပါတယ်။

လေဗာကူဆင်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘိုနီဖေ့စ်ပါဝင်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *