ဘာစီလိုနာအတွက် ပြန်ကစားနိုင်ချိန်မှာ ပရိသတ်တွေရဲ့ကြိုဆိုမှုနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဂါဗီဝတ်ဆင်ခဲ့ရ

0

မနေ့က ဘာစီလိုနာ(၅-၁)ဆီဗီလာ စပိန်လာလီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် (၁)နှစ်ကြာအနားယူခဲ့ရတဲ့ စပိန်ကြယ်ပွင့် ဂါဗီဟာ ဘာစီလိုနာအသင်းအတွက် ပြန်ကစားပေးဖို့ ကွင်းထဲဝင်ရောက်ချိန်မှာ ပရိသတ်တွေရဲ့မတ်တပ်ရပ်ပြီး လက်ခုပ်တီးကြိုဆိုမှုနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခဲ့ရပါတယ်။

ဂါဗီဟာ ဂျော်ဂျီယာအသင်းနဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားရင်း ACL ဒဏ်ရာရရှိခဲ့တာကြောင့် ၂၀၂၃ နိုဝင်ဘာကတည်းက အနားယူနေခဲ့ရပြီး ရက်ပေါင်း(၃၀၀)ကျော်အကြာမှ ပထမဆုံးပွဲစဉ်ကို ပြန်ကစားနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ ဂါဗီကို ဆီဗီလာအသင်းနဲ့ပွဲစဉ်ရဲ့ပွဲချိန်(၈၃)မိနစ်မှာ ပက်ဒရီရဲ့နေရာမှာ လူစားလဲဝင်ရောက်စေခဲ့တာဖြစ်ပါတယ်။ ပက်ဒရီဟာ သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဂါဗီကို ဝတ်ဆင်ပေးခဲ့ပြီး ပရိသတ်တွေကလည်း မတ်တပ်ရပ်ကာ လက်ခုပ်တီးဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြတာပါ။

ဂါဗီက “ဒီလိုအခိုက်အတန့်မျိုးကို ကျွန်တော်လပေါင်းများစွာကြာအိပ်မက်မက်ခဲ့ပြီး ကျွန်တော့်ကို ပိုမိုလွယ်ကူအောင်လုပ်ပေးတဲ့အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေနဲ့ အသင်းဖော်တွေအားလုံးရဲ့ချစ်ခြင်းနဲ့ တန်ဖိုးထားခြင်းခံခဲ့ရတာကြောင့် အလွန်ကံကောင်းတယ်လို့ ခံစားရကြောင်း”ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

ဂါဗီပြန်ကစားနိုင်တာဟာ ရလဒ်ကောင်းတွေရရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့လူစာရင်းကို ပိုပြီးအားကောင်းသွားစေခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂါဗီဟာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *