အာဆင်နယ်က ဘတ်စကတ်ဘောအသင်းနဲ့ တူတယ်လို့ ကွင်းလယ်လူ မယ်ရီနို ဆို

0

စပိန်ကွင်းလယ်လူ မယ်ရီနိုက အာဆင်နယ်အသင်းမှာ အရပ်(၆)ပေအထက်ကစားသမားတွေအများအပြားရှိတာကြောင့် ဘတ်စကတ်ဘောအသင်းနဲ့တူတယ်လို့ ဆိုခဲ့ပါတယ်။

အရပ်(၆ ပေ ၂ လက်မ)ရှိတဲ့ မယ်ရီနိုဟာ အာဆင်နယ်အသင်းမှာ အရပ်(၆)ပေအထက် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ တည်ကန်ဘောတွေမှာ သူတို့ရဲ့အားသာချက်တွေကို ဆက်ပြီးအသုံးပြုဖို့ အားပေးခဲ့တာပါ။

အာဆင်နယ်အသင်းမှာ မယ်ရီနိုအပြင် ကိုင်ဟာဗက်ဇ်၊ ဆာလီဘာ၊ ဂါဘရီရယ်လ်၊ ကာလာဖီအိုရီ၊ ဘင်ဝှိုက်စ်နဲ့ ဒက်ကလန်ရိုက်စ်တို့ဟာ အရပ်(၆)ပေအထက်မှာ ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အရပ်ရှည်တဲ့ကစားသမားတွေများပြားတာကြောင့် တည်ကန်ဘောတွေကနေ ဂိုးတွေအများအပြားသွင်းယူပြီး အားသာချက်တွေကို အသုံးချနေတာပါ။ မယ်ရီနိုက အသင်းဟောင်း ဆိုစီဒက်အသင်းမှာ သူ့ထက်အရပ်ရှည်တဲ့သူတွေအများကြီးမရှိပေမယ့် အာဆင်နယ်အသင်းမှာ အများကြီးရှိတယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

မယ်ရီနိုက ဘောလုံးဟာ ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့အတွက် ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာကလည်း အဓိကကျလာခဲ့တယ်လို့ ဆိုခဲ့တာပါ။ မယ်ရီနိုဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းကို (၂-ဝ)နဲ့ အရေးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပထမဆုံးအကြိမ်ပါဝင်ခဲ့ပြီး ဒီနေ့ကစားမယ့် ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းထဲ ပါဝင်ဖို့ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ်(၂)ပွဲကစားအပြီးမှာ ရမှတ်(၄)မှတ်နဲ့ League phase အမှတ်ပေးဇယားရဲ့အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *