ပြိုင်ဘက်ကစားသမားကို ကိုက်ခဲ့လို့ ပရက်စတန် တိုက်စစ်မှူး အိုစမာယစ် ကာလရှည်ပွဲပယ်ခံရဖွယ်ရှိ

0

ဒီတစ်ပတ်ကစားခဲ့တဲ့ ပရက်စတန်(ဝ-ဝ)ဘလက်ဘန်း ချန်ပီယံရှစ်ပွဲစဉ်မှာ ပရက်စတန်တိုက်စစ်မှူး အိုစမာယစ်ဟာ ဘလက်ဘန်း နောက်ခံလူ အိုဝင်ဘက်ကို ကိုက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာကြောင့် ကာလရှည်ပွဲပယ်ခံရဖွယ်ရှိနေပါတယ်။

နှစ်ဖက်အသင်းကြားရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ချိန်မှာ အိုဝင်ဘက်ဟာ ပရက်စတန်ကစားသမား ဟိုလ်မက်စ်ကို ကန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသလို အိုစမာယစ်ရဲ့ကိုက်ခြင်းကိုလည်း ခံခဲ့ရတာပါ။

လီဗာပူးလ်အသင်းကနေ ဘလက်ဘန်းအသင်းထံ အငှားနဲ့လာရောက်ကစားနေတဲ့ အိုဝင်ဘက်ဟာ သူ့ကို အိုစမာယစ်ကိုက်ခဲ့တဲအကြောင်းကို ကွင်းလယ်ဒိုင်လူကြီးကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရုပ်သံအနှေးပြကွက်တွေမှာဆိုရင် အိုစမာယစ်က အိုဝင်ဘက်ကို ကိုက်ခဲ့တာမြင်တွေ့ခဲ့ရတာပါ။ ဘလက်ဘန်းအသင်းနည်းပြ ယူစတက်စ်က ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီး မမြင်တွေ့တာဟာ ရှက်ဖို့ကောင်းတယ်လို့ ပြောခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကိုလည်း အရေးယူပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ပရက်စတန်အသင်းနည်းပြ ဟက်ကင်ဘော်တန်ကတော့ သူဟာ ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့ခြင်းမရှိဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။၂၀၁၃ တုန်းက လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ချယ်လ်ဆီးအသင်းနောက်ခံလူ အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့တာကြောင့် (၁၀)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အိုစမာယစ်ဟာ ကာလရှည်ပွဲပယ်ချမှတ်ခံရမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာပါ။

ဘလက်ဘန်းအသင်းဟာ ဒီပွဲရလဒ်ကြောင့် ချန်ပီယံရှစ်ပွဲစဉ်(၆)ပွဲကစားအပြီးမှာ (၁၂)မှတ်နဲ့ အဆင့်(၄)နေရာရပ်တည်နေပြီး ပရက်စတန်အသင်းက (၆)ပွဲကစားအပြီးမှာ (၅)မှတ်နဲ့ အဆင့်(၂၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed