၂၆.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ လီဗာပူးလ်အသင်းဟာ အီဂျစ်တိုက်စစ်မှူး ဆာလာ ရာသီအကုန်မှာ ထွက်ခွာခဲ့ရင် ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဘာပေကို ခေါ်ယူပြီးနောက် ရိုဒရီဂိုရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေအများအပြားထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

■ လေဗာကူဆင်အသင်းတိုက်စစ်မှူး ဘိုနီဖေ့စ်ဟာ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှူးသစ်စာရင်းထဲမှာ ပါဝင်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးတွေအဖြစ် ဂျက်ဆန်နဲ့ အန်ကွန်ကူတို့ရှိနေပေမယ့် တိုက်စစ်မှူးသစ်တစ်ဦးအားဖြည့်ချင်နေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ခေါ်ယူဖို့အဆင်မပြေခဲ့တဲ့ အဲဗာတန်အသင်းနောက်ခံလူ ဘရန်ဝိတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ၂၀၂၅ နွေရာသီမှာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့အတွက် နောက်ထပ်ကြိုးပမ်းမှုတွေကို ပြုလုပ်ဖို့ရှိနေတာဖြစ်ပါတယ်။

■ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၆ ကို ကျော်လွန်ပြီးဆက်ရှိနေနိုင်ဖို့ စဉ်းစားနေပါတယ်။ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ အလာဗက်စ်အသင်းနဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပွဲပေါင်း(၃၀၀)မြောက်အဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

■ ဂျူဗင်တပ်စ်၊ဘာစီလိုနာနဲ့ ရိုးမားအသင်းကွင်းလယ်လူဟောင်း ယာနစ်ဟာ ရုရှားကလပ် CSKA မော်စကိုအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ယာနစ်ဟာ CSKA မော်စကိုအသင်းနဲ့ (၁)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

■ မန်စီးတီးအသင်းဟာ ကာလရှည်ကြာအနားယူရမယ့် ကွင်းလယ်လူ ရိုဒရီရဲ့နေရာမှာ အစားထိုးဖို့ ရှာဖွေမှုတွေပြုလုပ်နေပေမယ့် အစ်ဝှစ်ချ်အသင်းထံ အငှားချထားတဲ့ အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ပြန်လည်ခေါ်ယူမှာမဟုတ်ဘူးလို့သိရပါတယ်။ မန်စီးတီးအသင်းဟာ ကယ်လ်ဗင်ဖီးလစ်ကို အပြီးသတ်ရောင်းချချင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *