၂၉.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကို စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ၂၀၂၅ ဇွန်(၃၀)ရက်မှာကုန်ဆုံးမယ့် စီရော်နယ်ဒိုရဲ့စာချုပ်ကို အယ်လ်နာဆာအသင်းဟာ ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။

■ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းမှာ ၂၀၂၇ အထိရှိမယ့် (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့တောင်းဆိုထားတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ နီကိုလိုက ဖော်ပြခဲ့ပါတယ်။ ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပါတယ်။

■ ချယ်လ်ဆီးနဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုလံဘီယာတိုက်စစ်မှူး ဒူရမ်ကို စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။ ဒူရမ်ဟာ ဒီရာသီ အက်စတွန်ဗီလာအသင်းအတွက် ကစားထားတဲ့ (၇)ပွဲမှာ (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

■ ဆောက်သမ်တန်အသင်းဟာ နည်းပြ မာတင်ကိုထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင် ချယ်လ်ဆီးနဲ့ ဘရိုက်တန်အသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ဂရေဟမ်ပေါ်တာက သူဟာနည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်တယ်လို့ မကြာသေးခင်က ပြောထားတာဖြစ်ပါတယ်။

■ အေစီမီလန်အသင်းဟာ ပြင်သစ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပါတယ်။ အသင်းကြီးအချို့ရဲ့ပစ်မှတ်ဖြစ်နေတဲ့ သီယိုဟာနန်ဒက်ဇ်ရဲ့အေစီမီလန်အသင်းစာချုပ်ဟာ ၂၀၂၆ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

epa09482423 AC Milan?s Theo Hernandez celebrates his 2-0 goal during the Italian Serie A soccer match between AC Milan and Venezia FC at Giuseppe Meazza stadium in Milan, 22 September 2021. EPA-EFE/MATTEO BAZZI

■ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နောက်ခံလူ ဂူဟီကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရင် ၂၀၂၅ နွေရာသီမှာ ရောင်းချသွားမယ်လို့ အကြောင်းကြားထားပါတယ်။ ဂူဟီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက နယူးကာဆယ်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက ဆက်ပြီးထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *