ဘက်ဆစ်တပ်နဲ့ပွဲမှာ ဒေါသထွက်နေတဲ့ ဟန်ဒါဆန်ကို အိုင်းယက်စ်အသင်းဖော်နဲ့ ခွဲထုတ်ခဲ့ရ

0

မနေ့က အိုင်းယက်စ်(၄-ဝ)ဘက်ဆစ်တပ် ယူရိုပါလိဂ်ပွဲစဉ်မှာ အိုင်းယက်စ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဒေါသထွက်နေခဲ့တာကြောင့် သူ့ရဲ့အသင်းဖော်နဲ့ အဝေးကို ခွဲထုတ်ခဲ့ရပါတယ်။

ဟန်ဒါဆန်ဟာ ပွဲကစားချိန်အတွင်းမှာ အသင်းဖော် ထရာအိုရေးနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အိုင်းယက်စ်အသင်းဖော်တွေက ဟန်ဒါဆန်ကို ဒီအဖြစ်အပျက်ကနေ အဝေးကို ခွဲထုတ်ခဲ့ရတာပါ။

အိုင်းယက်စ်အသင်းဟာ ဒီပွဲမှာ ဘက်ဆစ်တပ်အသင်းကို အသာစီးနဲ့ ကစားပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် ဟန်ဒါဆန်ဟာ အသင်းဖော် ထရာအိုရေးကို ဒေါသထွက်နေတာဖြစ်ပါတယ်။ ထရာအိုရေးက ဘက်ဆစ်တပ်ကွင်းလယ်လူ ဂတ်ဆန်ဖာနန်ဒက်စ်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ဟန်ဒါဆန်က ဒေါသထွက်ခဲ့တာပါ။ အဲ့ဒါကြောင့် ဟန်ဒါဆန်ဟာ ထရာအိုရေးဆီကိုသွားပြီး စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်နေတာကို မြင်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အိုင်းယက်စ်အသင်းဖော်တွေက ဟန်ဒါဆန်ကို ထရာအိုရေးနဲ့ အဝေးကို ခွဲထုတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းကနေ ထွက်ခွာပြီး အိုင်းယက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဟန်ဒါဆန်ဟာ ဒီပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ထရာအိုရေးကတော့ ပွဲချိန်မိနစ်(၇ဝ) မှာလူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ နွေရာသီက အိုင်းယက်စ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ဆက်ပြီးရှိနေခဲ့တာပါ။

အိုင်းယက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ကောင်းတွေရရှိနေပြီး နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအနိုင်ရကာ (၁)ပွဲသရေကျခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *