Day: May 21, 2024

အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲ ပဏာမလူစာရင်းမှာ ရပ်ရှ်ဖိုဒ့်နဲ့ ဟန်ဒါဆန်တို့ကို ဆောက်ဂိတ်ချန်လှပ်

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်စခန်းသွင်းလေ့ကျင့်မှုတွေပြုလုပ်ဖို့ ပဏာမကစားသမား(၃၃)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်နဲ့ အိုင်းယက်စ်အသင်းကွင်းလယ်လူ ဟန်ဒါဆန်တို့ချန်လှပ်ခံခဲ့ရပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ဒီရာသီ မန်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသလို ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဟန်ဒါဆန်ကလည်း အိုင်းယက်စ်အသင်းမှာ...

၂၀၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့အကောင်းဆုံးဘောလုံးသမားဆုဆွတ်ခူးခဲ့တဲ့ ဗစ်ဇ်

လေဗာကူဆင်အသင်းရဲ့ ဂျာမန်တောင်ပံတိုက်စစ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်ဟာ ၂၀၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဗစ်ဇ်ဟာ ဒီရာသီ ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြကစားခဲ့ပြီး ကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအမှတ်ပေးချန်ပီယံဆုကို လေဗာကူဆင်အသင်း ဆွတ်ခူးခဲ့ရာမှာ သူ့ရဲ့ဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေက အဓိကကျခဲ့ပါတယ်။ ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ...

ရီးရယ်လ်မက်ဒရစ်အသင်းကိုသာမက ဘောလုံးကစားခြင်းကိုပါစွန့်လွှတ်တော့မယ့် တိုနီကရူးစ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂျာမနီလက်ရွေးစင်ကွင်းလယ်လူတိုနီကရူးစ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဒီနွေရာသီမှာ လမ်းခွဲမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲပြီးရင် ဘောလုံးကစားခြင်းကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိသူတိုနီကရူးစ်အနေနဲ့ သူ(၁၀)နှစ်ကြာကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို သံယောဇဉ်ဖြတ်ရုံမက ဘောလုံးကစားခြင်းကိုပါ စွန့်လွှတ်တော့မှာဖြစ်ကြောင်း အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ လာမယ့် ဇွန်(၁)ရက်နေ့မှာ...

လစ်လပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြရာထူးအတွက် ကွန်ပနီ ဆွေးနွေးမှုတွေ ပြုလုပ်

ဘန်လေအသင်းနည်းပြ ကွန်ပနီဟာ နည်းပြရာထူးအတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ထွက်ခွာခဲ့တဲ့ နည်းပြတူချယ်လ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေပြီး သူတို့ရဲ့နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတဲ့ ကွန်ပနီနဲ့ ဆွေးနွေးမှုတွေပြုလုပ်လာခဲ့တာပါ။ ကွန်ပနီဟာ ဘန်လေအသင်းကို ပြီးခဲ့တဲ့ရာသီက...

ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်အသင်းကို လေဗာကူဆင် လှောင်ပြောင်

လေဗာကူဆင်အသင်းဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားနဲ့ လွဲခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ လှောင်ပြောင်မှုပြုလုပ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ဆုဖလားကို မရယူနိုင်ခဲ့တာပါ။ လေဗာကူဆင်အသင်းကတော့ ဘွန်ဒစ်လီဂါတစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့...