ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်အသင်းကို လေဗာကူဆင် လှောင်ပြောင်

0

လေဗာကူဆင်အသင်းဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားနဲ့ လွဲခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ လှောင်ပြောင်မှုပြုလုပ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ဆုဖလားကို မရယူနိုင်ခဲ့တာပါ။

လေဗာကူဆင်အသင်းကတော့ ဘွန်ဒစ်လီဂါတစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်အသင်း ဘွန်ဒစ်လီဂါချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ရာမှာ ကွင်းလယ်လူ ရှာကာရဲ့အခန်းကဏ္ဍက အရေးပါခဲ့တာပါ။ လေဗာကူဆင်အသင်းဟာ ရှာကာကို ပြီးခဲ့တဲ့နွေရာသီက အာဆင်နယ်အသင်းဆီကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လေဗာကူဆင်အသင်းဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်ခဲ့ပြီးနောက် ရှာကာဆုဖလားကိုင်မြှောက်နေတဲ့ ပုံကို ဘယ်လိုခံစားချက်လဲဆိုတဲ့ စာရေးသားကာ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာပါ။ ပရီးမီးယားလိဂ်ဖလားမရယူနိုင်လို့ စိတ်ပျက်နေတဲ့ အာဆင်နယ်အသင်းအတွက်တော့ လေဗာကူဆင်အသင်းရဲ့လှောင်ပြောင်မှုကိုပါ ခံခဲ့ရတာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြ အာတီတာက သူတို့ဟာ ဒီထက်အများကြီးပိုပြီးလိုချင်တဲ့အတွက် လာမယ့်နှစ်မှာ ရအောင်ယူသွားမယ်လို့ အာဆင်နယ်အသင်းပရိသတ်တွေကို ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကနေ (၂)နှစ်ဆက်တိုက် မန်စီးတီးအသင်းရဲ့ကျော်ဖြတ်ခြင်းခံခဲ့ရပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *