Day: May 22, 2024

ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မိမိတို့ အနိုင်ယူမယ်လို့ ဒီရွန်းဆို

ဒီနေ့ကစားမယ့် အတ္တလန်တာ-လေဗာကူဆင် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်ခင်မှာ အတ္တလန်တာကွင်းလယ်လူ ဒီရွန်းက သူတို့ဟာ ဒီရာသီမှာရှုံးပွဲလုံးဝမရှိသေးတဲ့ လေဗာကူဆင်အသင်းကို အနိုင်ယူနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ (၅၁)ပွဲအထိရှိခဲ့ပြီဖြစ်ပြီး ဘွန်ဒစ်လီဂါဖလားကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ရယူနိုင်ခဲ့သလို နောက်ထပ်ဆုဖလား(၂)လုံးရယူနိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ လေဗာကူဆင်အသင်းကို...

Europa League Final Preview

ယူရိုပါလိဂ်ဗိုလ်လုပွဲ အတ္တလန်တာ - လေဗာကူဆင်(23 May 2024/ 1:30 am) လေဗာကူဆင်က ဒီရာသီမှာ တစ်ရာသီလုံးရှုံးပွဲမရှိကစားထားတာဆိုတော့ ဒီပွဲမှာလည်း လေဗာကူဆင်နိုင်မယ်လို့ ကြိုတင်တွက်ဆကြမယ့် ပရိသတ်က အတော်များလိမ့်မယ်။ ဒီနှစ်သင်း ဥရောပတွေ့ဆုံမှုအဖြစ် ၂၀၂၁-၂၂ ရာသီ...

ကာဂလီယာရီအသင်းကိုရော နည်းပြဘ၀ကိုပါ စွန့်ခွာသွားတော့မယ့် ရာနီရေးရီ

ကာဂလီယာရီအသင်းကို ဒီရာသီ တန်းဆင်းအန္တရာယ်က လွတ်မြောက်အောင် စွမ်းဆောင်ပေးပြီးချိန်မှာ နည်းပြ ရာနီရေးရီက ရာသီကုန်ရင် အသင်းနဲ့လမ်းခွဲတော့မှာ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့(၃၈)နှစ်ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ နည်းပြဘဝကိုလည်း အဆုံးသတ်တော့မှာဖြစ်ကြောင်း ရာနီရေးရီက အသိပေးခဲ့ပါတယ်။ သူ့ရဲ့နည်းပြဘဝမှာ ကာဂလီယာရီအသင်းက နောက်ဆုံးကလပ်အသင်းဖြစ်လာလိမ့်မယ်လို့...

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့တဲ့ ဂွါဒီယိုလာ

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို အားလုံးမျှော်လင့်ထားတဲ့အတိုင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂွါဒီယိုလာအနေနဲ့ ဒီဆုကို နောက်ဆုံး(၇)ရာသီအတွင်း (၅)ကြိမ်မြောက်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ဆုဖလားနှင့်အတူ တွေ့ရသည့် မန်စီးတီးအသင်းနည်းပြ...

တန်ဟတ်ကို ရာထူးကထုတ်ပယ်ပြီး ပိုချက်တီနိုကို ခန့်အပ်ဖို့ မန်ယူနိုက်တက်ပရိသတ်တွေ တောင်းဆို

မန်ယူနိုက်တက်ပရိသတ်တွေဟာ နည်းပြဖြစ်သူ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကို တောင်းဆိုခဲ့ကြပါတယ်။ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို တစ်ရာသီကြာကိုင်တွယ်အပြီးမှာ မနေ့က အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့တာပါ။ ချယ်လ်ဆီးအသင်းကနေ ပိုချက်တီနို ထွက်ခွာပြီးမကြာခင်မှာပဲ...

ချယ်လ်ဆီးအသင်းကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ပြီး လမ်းခွဲထွက်ခွာခဲ့တဲ့ ပိုချက်တီနို

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို တစ်ရာသီကြာကိုင်တွယ်အပြီးမှာ အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းပူးတွဲပိုင်ရှင် အက်ဂ်ဘာလီ၊ အားကစားဒါရိုက်တာတွေဖြစ်ကြတဲ့ ဝင်စတန်လေ၊ စတီးဝပ်တို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်အပြီးမှာ ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ချယ်လ်ဆီးအသင်းကို (၂)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့...