Day: May 24, 2024

သတင်းထွက်တဲ့အတိုင်း ဇာဗီနဲ့လမ်းခွဲကြောင်း ကြေညာခဲ့ပြီး ဟန်ဆီဖလစ်ကို အစားထိုးဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေကြိုတင်ထွက်ပေါ်ခဲ့တဲ့အတိုင်း နည်းပြဇာဗီနဲ့ လမ်းခွဲမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီနေ့ (မေ ၂၄ ရက်၊ သောကြာနေ့)မှာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ၊ အားကစားဒါရိုက်တာဒေကိုတို့အပါအဝင် ကလပ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေ အရေးပေါ်ဆွေးနွေးခဲ့ပြီးနောက်မှာ ဇာဗီနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် လာမယ့်...

FA ဖလားဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် တန်ဟတ်နဲ့လမ်းခွဲဖို့ စီစဉ်ထားတဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ မနက်ဖြန်ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်း ဘယ်လိုရလဒ်ထွက်ထွက် နည်းပြအဲရစ်တန်ဟတ်ကိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းအနိုင်ရခဲ့ရင်တောင် တန်ဟတ်ဟာ အသင်းကနေထွက်ခွာရမှာဖြစ်ကြောင်း Guardian...

PSG နဲ့ ချန်ပီယံလိဂ်ပွဲက အဖြစ်အပျက်တွေကြောင့် ဘာစီလိုနာအသင်းကို UEFA အရေးယူမှု ပြုလုပ်

ဘာစီလိုနာအသင်းဟာ ဧပြီ(၁၆)ရက်က ယှဉ်ပြိုင်ခဲ့တဲ့ PSG အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ဒဏ်ကြေးငွေချမှတ်ခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းနည်းပြ ဇာဗီ၊ နောက်ခံလူ ဆာဂျီရောဘတ်တိုနဲ့ ဂိုးနည်းပြ ရာမွန်တို့ကို UEFA က ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဇာဗီဟာ ကင်မရာတည်ရှိရာနေရာကို...

FA ဖလားဗိုလ်လုပွဲကို နောက်ခံလူ မက်ဂွဲယား လွဲချော်မယ်လို့ တန်ဟတ် အတည်ပြု

အင်္ဂလန်နောက်ခံလူ မက်ဂွဲယားဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် FA ဖလားဗိုလ်လုပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က အတည်ပြုခဲ့ပါတယ်။ မက်ဂွဲယားဟာ ဧပြီ(၂၇)ရက်က ဘန်လေအသင်းနဲ့(၁)ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးပြီးနောက် မန်ယူနိုက်တက်အသင်းနောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲစလုံးပါဝင်နိုင်ခဲ့ခြင်းမရှိတော့တာပါ။...

လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်ဆိုတဲ့ ပါကယ်တာ

၀က်စ်ဟမ်းအသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူပါကယ်တာက သူ့အပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စွဲဆိုထားတဲ့ လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်လို့ ပြောလိုက်ပါတယ်။ FA က ပါကယ်တာအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ အဝါကတ်တမင်တကာရယူပြီး သူကိုယ်တိုင်ဖြစ်စေ၊ သူ့သူငယ်ချင်းအပေါင်းအသင်းတွေဖြစ်စေ လောင်းကစားမှာ ငွေကြေးအမြတ်အစွန်းရအောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲပြီး မနေ့က...

မေလ ၂၄ ရက်နေ့ သတင်းအတိုအထွာစုစည်းမှုများ

■ ဝက်စ်ဟမ်းအသင်းဟာ စပိန်လူမျိုးနည်းပြ လိုပက်တယ်ဂီကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။ ဒေးဗစ်မွိုက်စ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာမယ့် လိုပက်တယ်ဂီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်က ဝုလ်ဗ်စ်အသင်းကနေ ထွက်ခွာပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။ ■ စပါးအသင်းဟာ ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆိုလန်ကီကို...

လွတ်လပ်ပေါ့ပါးစွာ ဂျင်းဘောင်းဘီ ဝတ်ဆင်ခဲ့တဲ့ ဂတ်စ်ပါရီနီကို ပရိသတ်တွေ နောက်ပြောင်

မနေ့က အတ္တလန်တာ(၃-ဝ)လေဗာကူဆင်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လူငယ်တစ်ဦးလို လွတ်လပ်ပေါ့ပါးစွာ ဂျင်းဘောင်းဘီဝတ်ဆင်ခဲ့တဲ့ အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီကို ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာနောက်ပြောင်နေကြပါတယ်။ ပရိသတ်တချို့က ဂတ်စ်ပါရီနီကို ဂျင်းဘောင်းဘီဝတ်ဆင်ပြီး ပထမဆုံးဥရောပဖလားရယူနိုင်တဲ့နည်းပြလို့ ဆိုရှယ်မီဒီယာမှာ နောက်ပြောင်ရေးသားခဲ့ပါတယ်။ ဂတ်စ်ပါရီနီဟာ အတ္တလန်တာအသင်းကို အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်...

ဇွန်လထဲမှာ အန်ဖီးကွင်းကိုပြန်လာဦးမယ့် ယာဂန်ကလော့ပ်

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြပိုချက်တီနိုက လာမယ့်ဇွန်လထဲမှာ ချယ်လ်ဆီးအသင်းရဲ့အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာမှာဖြစ်သလို လီဗာပူးလ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြယာဂန်ကလော့ပ်ကလည်း လာမယ့်ဇွန်လထဲမှာ လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းအန်ဖီးလ်ကို ပြန်လာမှာဖြစ်ပါတယ်။ လာပုံလာနည်းချင်းကတော့ ကွာခြားပါတယ်။ ပိုချက်တီနိုက UNICEF ရန်ပုံငွေပွဲတစ်ပွဲမှာ နည်းပြအဖြစ် ကိုင်တွယ်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်မြက်ခင်းပြင်ကို ခြေချရမှာဖြစ်ပြီး ယာဂန်ကလော့ပ်ကတော့...