Day: May 25, 2024

FA ဖလားဗိုလ်လုပွဲအတွက် ကက်စမဲရိုးကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ တန်ဟတ် စဉ်းစား

ဒီနေ့ကစားမယ့် မန်စီးတီး-မန်ယူနိုက်တက် FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ကွင်းလယ်လူ ကတ်စမဲရိုးကို ပွဲထွက်လူစာရင်းမှာ ချန်လှပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကတ်စမဲရိုးဟာ မန်ယူနိုက်တက်အသင်းရဲ့ခံစစ်အခက်အခဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၆)ပွဲစလုံး ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့ရတာပါ။ ကတ်စမဲရိုးဟာ ဒီပွဲတွေမှာ...

ယူရို- ၂၀၂၄ ပြိုင်ပွဲပြီးရင် နိုင်ငံတကာကစားသမားဘဝက အနားယူတော့မယ့် ဂျရုး

အေစီမီလန်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အိုလီဗာဂျရူးက ယူရို-၂၀၂၄ ပြိုင်ပွဲပြီးရင် လက်ရွေးစင်အသင်းက သူအနားယူတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျရူးဟာ ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်သလို၊ လက်ရှိပြင်သစ်အသင်းက ကစားသမားတွေထဲမှာလည်း ပွဲအများဆုံးကစားထားတဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂျရူးဟာ ပြင်သစ်အသင်းအတွက် နိုင်ငံတကာဂိုး(၅၇)ဂိုးသွင်းယူပေးထားပြီး နိုင်ငံတကာပွဲ(၁၃၁)ပွဲ...

စီးရီးအေ အကောင်းဆုံးဆုကို သိမ်းပိုက်ခဲ့တဲ့ အင်တာနဲ့ အကောင်းဆုံးကစားသမားဆုရတဲ့ မာတီနက်ဇ်

ဒီရာသီစီးရီးအေပြိုင်ပွဲက ဇွန်(၂)ရက်နေ့မှ ပြီးဆုံးမှာ ဖြစ်ပေမယ့် အကောင်းဆုံးဆုတွေကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ချန်ပီယံအင်တာမီလန်အသင်းက အကောင်းဆုံးအများစုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Serie A Most Valuable Player)ကို ဆွတ်ခူးခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ၂၀၂၃-၂၄...

ရာသီအကုန်မှာ နည်းပြရာထူးက ပိုင်အိုလီ ထွက်ခွာမယ်လို့ အေစီမီလန်အသင်း ကြေညာ

အီတလီလူမျိုးနည်းပြ ပိုင်အိုလီဟာ ဒီရာသီအကုန်မှာ နည်းပြရာထူးက ထွက်ခွာမယ်လို့ အေစီမီလန်အသင်းက ကြေညာလိုက်ပါတယ်။ စီးရီးအေဖလားကို (၁၉)ကြိမ်ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ဒီရာသီ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာရပ်တည်ပြီး ရာသီအဆုံးသတ်ဖို့ သေချာခဲ့ပေမယ့် အဆင့်(၁)နေရာက အင်တာမီလန်အသင်းနဲ့ ရမှတ်အများအပြားကွာဟခဲ့သလို ဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရယူနိုင်ခဲ့ခြင်းမရှိတာပါ။...

ချန်ပီယံလိဂ်သမိုင်းမှာ တစ်နိုင်ငံတည်းက အများဆုံးအဖြစ် အီတလီကလပ်(၆)သင်းအထိ ပါဝင်လာနိုင်တဲ့ ရာသီ

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက စီးရီးအေကလပ်အသင်း(၆)သင်းအထိ ပါဝင်လာမယ့် အလားအလာရှိနေပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အတ္တလန်တာအသင်းဗိုလ်စွဲခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို အတ္တလန်တာအသင်းက ယူရိုပါလိဂ်ချန်ပီယံအဖြစ် တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်တွေမှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတွေကို နောက်ရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ တိုက်ရိုက်ဝင်ခွင့်ပေးတာဖြစ်ပါတယ်။ ဒီရာသီ ဥရောပအဆင့်သတ်မှတ်ချက်(UEFA...