Day: May 30, 2024

မေလ ၃၀ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှုများ

■ လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ဟာ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နေရာမှာ အစားထိုးဖို့ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ■ မန်ယူနိုက်တက်အသင်းဟာ ဂီတာဖေးအသင်းကနေ အငှားနဲ့...

ဘယ်လင်ဂမ်၊ လာမင်းယာမားလ်နဲ့ မီချယ်လ်ဆန်းချက်ဇ်တို့ ဆွတ်ခူးခဲ့တဲ့ လာလီဂါအကောင်းဆုံးဆုများ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် လာလီဂါ အကောင်းဆုံးကစားသမားဆု (La Liga’s Player of the Year)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုနှစ်အတွက် လာလီဂါအကောင်းဆုံးဆုတွေကို လာလီဂါဘောလုံးအဖွဲ့ချုပ်(LFP)က Sardinia ကျွန်းမှာ ပြုလုပ်ခဲ့တဲ့...

PSG ဆီက ဘာပေ ယူရိုသန်း(၈၀)ရရှိဖို့ အကြွေးတင်နေတယ်လို့ သတင်းထွက်ပေါ်

ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ PSG အသင်းဆီကနေ ယူရိုသန်း(၈၀)ရရှိဖို့ အကြွေးတင်နေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဘာပေဟာ PSG အသင်းအတွက် နောက်ဆုံးပွဲစဉ်ပါဝင်ကစားပေးခဲ့ပြီးဖြစ်သလို စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာမယ်လို့ တရားဝင်ကြေညာထားတာပါ။ ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန်(၃၀)ရက်မှာ...

ကွန်ပနီကို နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘယ်လ်ဂျီယံလူမျိုးနည်းပြ ကွန်ပနီကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ သူ့ရဲ့အသင်းဟောင်း ဘန်လေအသင်းကို လျော်ကြေးပေါင်(၁၀.၂)သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ကွန်ပနီဟာ ၂၀၂၂-၂၃ ရာသီက ဘန်လေအသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ...

ဖီအိုရမ်တီးနားကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူပြီး အမိမြေမှာကွန်းဖရန့်လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ အိုလံပီယာကော့စ်

အိုလံပီယာကော့စ်(၁-ဝ)ဖီအိုရမ်တီးနား(ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ) ဥရောပတတိယတန်းစားဖလားပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းက အီတလီကလပ်ဖီအိုရမ်တီးနားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဥရောပဆုဖလားတစ်လုံးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဗိုလ်လုပွဲကို ဂရိမြေမှာ ကျင်းပတာဖြစ်လို့ မိမိမြေ၊ မိမိပရိသတ်အများစုရဲ့ရှေ့မှောက်မှာ အိုလံပီယာကော့စ်အသင်းအနေနဲ့ ဥရောပဆုဖလားရတဲ့...