Day: May 27, 2024

ရီးရယ်လ်မက်ဒရစ် ကစားသမားဘဝ ဘာနေဗျူးနှုတ်ဆက်ပွဲမှာ တိုနီကရုးစ် ငိုကြွေး

မနေ့က ရီးရယ်လ်မက်ဒရစ်(ဝ-ဝ)ဘက်တစ် စပိန်လာလီဂါပွဲစဉ်မှာ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ ရီးရယ်လ်မက်ဒရစ်အသင်းကစားသမားဘဝအိမ်ကွင်းနောက်ဆုံးပွဲစဉ်အဖြစ် ဘာနေဗျူးရှိ ပရိသတ်တွေကို မိသားစုနဲ့အတူ နှုတ်ဆက်မှုပြုလုပ်ရင်း ငိုကြွေးခဲ့ပါတယ်။ တိုနီကရူးစ်ဟာ လာမယ့်ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝက အနားယူမယ်လို့ တရားဝင်ကြေညာထားတာပါ။ ကစားသမားဘဝကနေအနားယူတော့မယ့် တိုနီကရုးစ်ကို အသင်းဖော်တွေဂုဏ်ပြုနှုတ်ဆက်နေကြစဉ်...

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဝိန်းရွန်နီ

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းဟာ မန်ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်နီကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဝိန်းရွန်နီဟာ ရလဒ်ဆိုးတွေကြောင့် ဧပြီ(၁)ရက်က ထုတ်ပယ်ခံခဲ့ရတဲ့ အီယန်ဖော်စတာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ပလိုင်းမောက်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာပါ။​ေ ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာမင်ဂမ်အသင်း နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက် ပလိုင်းမောက်အသင်းဟာ...

လာမယ့်ရာသီအကုန်မှာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ စွန့်ခွာတော့မယ်လို့ မီဒီယာတွေဖော်ပြ

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဗြိတိန်သတင်းစာ Daily Mail မှာ ဆောင်းပါးရှင် ဂျာနယ်လစ် JACK GAUGHAN ရဲ့ရေးသားမှုကို ကျန်ဗြိတိန်မီဒီယာတွေက ကိုးကားပြီးဖော်ပြနေကြတာလည်းဖြစ်ပါတယ်။ ၂၀၁၆...

FA ဖလားဗိုလ်လုပွဲမှာ နှစ်(၂၀)ကျော်ကြာမှ ပြန်ပေါ်ထွက်လာတဲ့ ဆယ်ကျော်သက် ဂိုးသွင်းသူ ဂါနာချိုနဲ့ မိုင်နူး

၂၀၀၄ FA ဖလားပြိုင်ပွဲမှာ မန်ယူနိုက်တက်အသင်းက မီဝေါလ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရဗိုလ်စွဲတော့ မန်ယူနိုက်တက်အသင်းအတွက် အသက်(၁၉)နှစ်အရွယ်ပေါ်တူဂီလူငယ်တောင်ပံကစားသမားစီရော်နယ်ဒိုက အဖွင့်ဂိုးသွင်းပေးခဲ့ပါတယ်။ စီရော်နယ်ဒိုနောက်ပိုင်း ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲတွေမှာ ဆယ်ကျော်သက် (Teens = အသက် ၂၀ နှစ်အောက်)ကစားသမားတွေက ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ မနေ့က FA...

ဂျာမန်ဖလားကို ဒုတိယအကြိမ် ဆွတ်ခူးပြီး ဖလား(၂)လုံးချန်ပီယံ ဖြစ်ခဲ့တဲ့ လေဗာကူဆင်

ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်အသင်းက ဂျာမန်ဖလား(DFB-Pokal)ပြိုင်ပွဲမှာ ကိုင်ဇာစလော့တန်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ကစားပြီး ချန်ပီယံဆုဖလားကို ဒုတိယအကြိမ်မြောက်အဖြစ်ရယူခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဂျာမန်ဖလားပြိုင်ပွဲမှာ အရင်က တစ်ကြိမ်သာဗိုလ်စွဲခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်က ချန်ပီယံဆုရခဲ့တာပါ။ ဂျာမန်ဒုတိယတန်းကလပ် ကိုင်ဇာစလော့တန်အသင်းဟာ လေဗာကူဆင်အသင်းကို ဒုတိယပိုင်းတစ်ပိုင်းလုံးတစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့်...

မန်ယူနိုက်တက်ကို တန်ဟတ် ဆက်ပြီးကိုင်တွယ်မလားဆိုတဲ့ မေးခွန်းတွေကို ဖြေဖို့ ရက်ကလစ်ဖ် ငြင်းဆန်

မနေ့က မန်စီးတီး(၁-၂)မန်ယူနိုက်တက် FA ဖလားဗိုလ်လုပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကို လာမယ့်ရာသီအသင်းမှာ နည်းပြအဲရစ်တန်ဟတ် ဆက်ပြီးရှိနေမလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာ သူကဒီမေးခွန်းကို ဖြေဖို့ငြင်းဆန်သွားခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ ဒီရာသီမှာရလဒ်တွေဆိုးနေတဲ့ မန်ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့ပြီး ဒီဆုဖလားဟာ သူ့ရဲ့ဒုတိယမြောက်ရာသီမှာ...

ပြင်သစ်ဖလားကို(၁၅)ကြိမ်မြောက်ရယူပြီး ပြည်တွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ PSG

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်ဖလား(Coupe de France)ဗိုလ်လုပွဲမှာ လိုင်ယွန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုကို (၁၅)ကြိမ်မြောက်အဖြစ်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဒီရာသီနောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် တိုက်စစ်မှူးဘာပေက ပွဲအစအဆုံး ဝင်ကစားခဲ့ပြီး ဂိုးတွေကိုတော့ ဒမ်ဘီလီ(၂၂ မိနစ်)နဲ့ ဖေဘီယန်ရုဇ်(၃၄ မိနစ်)တို့က...

ချန်ပီယံရှစ် Play offs ဗိုလ်လုပွဲကို ရုပ်ဖျက်ပြီး လာကြည့်တဲ့ ရမ်စဒေးလ်

ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-offs ဗိုလ်လုပွဲ ဆောက်သမ်တန်(၁-ဝ)လိဒ်စ်ယူနိုက်တက်ပွဲမှာ ကွင်းထဲကို ထူးထူးခြားခြားဝတ်စုံဒီဇိုင်းနဲ့ လာရောက်အားပေးတဲ့သူတစ်ဦးကို တွေ့ခဲ့ရပါတယ်။ မုတ်ဆိပ်မွှေးဗရပွနဲ့ ကြီးမားတဲ့ကုတ်အင်္ကျီကြီး ဝတ်ဆင်ထားတဲ့ သူ့ရဲ့ဝတ်စားဆင်ယင်ပုံက ဟယ်ရီပေါ်တာဇာတ်ကားတွေထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Rubeus Hagrid ရဲ့ပုံဖြစ်တယ်ဆိုတာ ဟယ်ရီပေါ်တာ ဇာတ်ကားတွေကြည့်ဖူးတဲ့ပရိသတ်တွေကတော့ သဘောပေါက်ပါတယ်။...