လစ်လပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြရာထူးအတွက် ကွန်ပနီ ဆွေးနွေးမှုတွေ ပြုလုပ်

0

ဘန်လေအသင်းနည်းပြ ကွန်ပနီဟာ နည်းပြရာထူးအတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ထွက်ခွာခဲ့တဲ့ နည်းပြတူချယ်လ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေပြီး သူတို့ရဲ့နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတဲ့ ကွန်ပနီနဲ့ ဆွေးနွေးမှုတွေပြုလုပ်လာခဲ့တာပါ။

ကွန်ပနီဟာ ဘန်လေအသင်းကို ပြီးခဲ့တဲ့ရာသီက အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်အောင်ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဘန်လေအသင်းဟာ ရလဒ်ဆိုးတွေနဲ့ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်ဆင်းခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ဆွေးနွေးမှုတွေပါ ပြုလုပ်ခဲ့ပြီးဖြစ်တာပါ။ ကွန်ပနီကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖာဘရီဇီယိုရိုမန်နိုက ကွန်ပနီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့ ဥရောပမှာရှိတဲ့ ကလပ်အသင်းအချို့က စိတ်ဝင်စားနေတယ်လို့သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။ လက်ရှိအချိန်မှာ ဘရိုက်တန်အသင်းဟာ နည်းပြ ဒီဇာဘီထွက်ခွာသွားတာကြောင့် နည်းပြသစ်ရှာဖွေနေပြီး ကွန်ပနီကို နည်းပြသစ်အဖြစ်ခန်အပ်ချင်နေတာဖြစ်ပါတယ်။ ကွန်ပနီနဲ့ ဘန်လေအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ အထိသက်တမ်းရှိနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတဲ့ နည်းပြအချို့နဲ့ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေပြီး ကွန်ပနီက သူတို့လိုချင်တဲ့ ပရိုဖိုင်နဲ့ ကိုက်ညီမှုရှိတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *