FA ဖလားဗိုလ်လုပွဲအတွက် ကက်စမဲရိုးကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ တန်ဟတ် စဉ်းစား

0

ဒီနေ့ကစားမယ့် မန်စီးတီး-မန်ယူနိုက်တက် FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ကွင်းလယ်လူ ကတ်စမဲရိုးကို ပွဲထွက်လူစာရင်းမှာ ချန်လှပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကတ်စမဲရိုးဟာ မန်ယူနိုက်တက်အသင်းရဲ့ခံစစ်အခက်အခဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၆)ပွဲစလုံး ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့ရတာပါ။


ကတ်စမဲရိုးဟာ ဒီပွဲတွေမှာ အမှားအယွင်းတွေရှိခဲ့တာကြောင့် ဝေဖန်မှုတွေအများအပြားခံခဲ့ရတာဖြစ်ပါတယ်။ The Athletic က မန်ယူနိုက်တက်အသင်းဟာ ဘရာဇီးလ်ကွင်းလယ်လူ ကတ်စမဲရိုးမပါဝင်တဲ့ ပွဲထွက်လူစာရင်းကို ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲအတွက် ဗဟိုနောက်ခံလူတွေအဖြစ် ကြံ့ခိုင်မှုအပြည့်ရှိနေပြီဖြစ်တဲ့ ဗာရန်းနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကို တွဲဖက်ပြီး အသုံးပြုဖို့ ရှိနေတာပါ။

ကွင်းလယ်မှာတော့ ကတ်စမဲရိုးထက် အမ်ရာဘတ်ကို ဦးစားပေးအသုံးပြုဖို့ နည်းပြ အဲရစ်တန်ဟတ်က စီစဉ်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းရဲ့ကွင်းလယ်မှာ အမ်ရာဘတ်နဲ့ ကိုဘီမိုင်နူးအတွဲအဖက်ကို မြင်တွေ့ရဖို့ ရှိနေတာပါ။ မန်ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ထွက်ခွာလာတဲ့ လူစာရင်းမှာ နောက်ခံလူတွေဖြစ်တဲ့ မက်ဂွဲယား၊လုပ်ခ်ရှောနဲ့ တိုက်စစ်မှူး မာရှယ်တို့က လွဲပြီး လူစုံတက်စုံပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဗြိတိန်မီဒီယာတွေမှာတော့ မန်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ရင်တောင် နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်သွားမှာဖြစ်ပြီး သူ့နေရာမှာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်၊ အစ်ဝစ်ချ်အသင်းနည်းပြ မက်ကန်နာတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *