စီးရီးအေ အကောင်းဆုံးဆုကို သိမ်းပိုက်ခဲ့တဲ့ အင်တာနဲ့ အကောင်းဆုံးကစားသမားဆုရတဲ့ မာတီနက်ဇ်

0

ဒီရာသီစီးရီးအေပြိုင်ပွဲက ဇွန်(၂)ရက်နေ့မှ ပြီးဆုံးမှာ ဖြစ်ပေမယ့် အကောင်းဆုံးဆုတွေကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ချန်ပီယံအင်တာမီလန်အသင်းက အကောင်းဆုံးအများစုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Serie A Most Valuable Player)ကို ဆွတ်ခူးခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ၂၀၂၃-၂၄ ရာသီမှာ အင်တာမီလန်အသင်းအတွက် (၂၄)ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ဒုတိယနေရာက ဗလာဟိုဗစ်(ဂျူဗင်တပ်စ်)ကို (၈)ဂိုးအထိဖြတ်ပြီး ဦးဆောင်နေပါတယ်

ဒီရာသီမှာ အင်တာမီလန်အသင်း အကြိမ်(၂၀)မြောက် စီးရီးအေချန်ပီယံဆုရရှိရာမှာ မာတီနက်ဇ်ရဲ့သွင်းဂိုးတွေက အဓိက ကျတာကြောင့် အခုလို ၂၀၂၃-၂၄ ရာသီရဲ့အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီက အကောင်းဆုံးနည်းပြဆု (Most Valuable Coach)ကို ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးကွင်းလယ်ကစားသမားဆု၊ အကောင်းဆုံးနောက်တန်းကစားသမားဆုတွေကိုလည်း အင်တာမီလန်ကစားသမားတွေက ဆွတ်ခူးခဲ့ပါတယ်။

၂၀၂၃-၂၄ ရာသီ စီးရီးအေ အကောင်းဆုံးဆု ရရှိသူတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ချီးမြှင့်ခဲ့တဲ့ တစ်ဦးချင်းဆုတွေထဲမှာ ချန်ပီယံအင်တာမီလန်အသင်းက (၄)ဆုအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

■ အကောင်းဆုံးကစားသမားဆု
(Most Valuable Player)

  • လော်တာရိုမာတီနက်ဇ်(အင်တာမီလန်)

■ အကောင်းဆုံးလူငယ်ကစားသမားဆု
(Best Young Player)

  • ဂျိုရှုအာဇာ့ဇီး(ဘိုလော့ဂ်နာ)

■ အကောင်းဆုံးတိုက်စစ်ကစားသမားဆု
(Best Striker)

  • ဗလာဟိုဗစ်(ဂျူဗင်တပ်စ်)

■ အကောင်းဆုံးကွင်းလယ်ကစားသမားဆု
(Best Midfielder)

  • ဟာကန်ချာဟာနိုဂလူး(အင်တာမီလန်)

■ အကောင်းဆုံးနောက်တန်းကစားသမားဆု
(Best Defender)

  • အလက်ဇန်ဒရိုဘတ်စတိုနီ(အင်တာမီလန်)

■ အကောင်းဆုံးဂိုးသမားဆု
(Best Goalkeeper)

  • မီချယ်လီဒီ ဂရီဂိုရီယို(မွန်ဇာ)

■ အကောင်းဆုံးနည်းပြဆု
(Most Valuable Coach)

  • ဆီမြွန်နီအင်ဇာဂီ(အင်တာမီလန်)

■ အသန့်ရှင်းဆုံးကစားသမားဆု
(Fair Play Moment of the Season)

  • အလက်ဇန်ဒရိုဖလော်ရန်ဇီ(အေစီမီလန်)

Leave a Reply

Your email address will not be published. Required fields are marked *