ကွန်ပနီကို နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်

0

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘယ်လ်ဂျီယံလူမျိုးနည်းပြ ကွန်ပနီကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ သူ့ရဲ့အသင်းဟောင်း ဘန်လေအသင်းကို လျော်ကြေးပေါင်(၁၀.၂)သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

ကွန်ပနီဟာ ၂၀၂၂-၂၃ ရာသီက ဘန်လေအသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အဆင့်(၁၉)နေရာရပ်တည်ကာ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်ဆင်းခဲ့ရတာဖြစ်ပါတယ်။ ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် နည်းပြသစ်ရှာဖွေနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။ ကွန်ပနီကလည်း ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ချင်နေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြအဖြစ်ခန့်အပ်နိုင်ဖို့ ဘန်လေအသင်းကို လျော်ကြေးပေးချေခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ်ဖြစ်လာပြီးနောက် ကွန်ပနီက “ဘိုင်ယန်မြူးနစ်မှာ စိန်ခေါ်မှုတွေကို မျှော်လင့်နေပြီး ဒီကလပ်အတွက် အလုပ်လုပ်ရတာကို ဂုဏ်ယူမိပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ နိုင်ငံတကာဘောလုံးလောကမှာ အမြဲတမ်းရှိနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့”ကလပ်ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ တူချယ်လ်လက်အောက်မှာ ဆုဖလားတစ်လုံးမှမရဘဲ ရာသီအဆုံးသတ်ခဲ့ရသလို ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ၂၀၁၀-၁၁ ရာသီနောက်ပိုင်း အဆိုးရွားဆုံးအဆင့်ရပ်တည်မှုအဖြစ် အဆင့်(၃)နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *