မေလ ၃၀ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှုများ

0

■ လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ဟာ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နေရာမှာ အစားထိုးဖို့ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ ဂီတာဖေးအသင်းကနေ အငှားနဲ့ ပြန်ရောက်ရှိလာမယ့် တိုက်စစ်မှူး ဂရင်းဝုဒ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး ဂျော်အိုဖီးလစ်နဲ့ အလဲအလှယ်ပြုလုပ်ဖို့ စဉ်းစားနေပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

■ လိုက်ပ်ဇစ်၊ဆဲလ်ဘတ်နဲ့ ရိုးမားအသင်းတို့ဟာ မန်စီးတီးအသင်းကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာကြောင့် နွေရာသီမှာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနောက်ခံလူ ဘရန်ဝိတ်ကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အဲဗာတန်အသင်းဟာ ဘရန်ဝိတ်အတွက် တန်ကြေးကို ပေါင်သန်း(၆၀)နဲ့ (၇၀)ကြား သတ်မှတ်ထားတာဖြစ်ပါတယ်။

■ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းဟာ နွေရာသီမှာ မာဆေးလ်အသင်းတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။ အူဘာမီယန်းကတော့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပေမယ့် မာဆေးလ်အသင်းမှာသာ ဆက်ပြီးရှိချင်နေတာဖြစ်ပါတယ်။

■ အက်စတွန်ဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဂယ်လက်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂယ်လက်ဂါနဲ့ ချယ်လ်ဆီးအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ဇွန်(၃၀)ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *