PSG ဆီက ဘာပေ ယူရိုသန်း(၈၀)ရရှိဖို့ အကြွေးတင်နေတယ်လို့ သတင်းထွက်ပေါ်

0

ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ PSG အသင်းဆီကနေ ယူရိုသန်း(၈၀)ရရှိဖို့ အကြွေးတင်နေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဘာပေဟာ PSG အသင်းအတွက် နောက်ဆုံးပွဲစဉ်ပါဝင်ကစားပေးခဲ့ပြီးဖြစ်သလို စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာမယ်လို့ တရားဝင်ကြေညာထားတာပါ။

ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန်(၃၀)ရက်မှာ ထွက်ခွာတော့မှာဖြစ်ပေမယ့် PSG အသင်းဟာ သူမထွက်ခွာခင်အချိန်မှာ ကြီးမားတဲ့ ငွေကြေးပမာဏကို ပေးချေရဖွယ်ရှိနေတာဖြစ်ပါတယ်။ L’Equipe က PSG အသင်းဟာ ဘာပေအတွက် ဧပြီလုပ်ခလစာနဲ့ ဖေဖော်ဝါရီအတွက် အပိုဆုကြေး စုစုပေါင်း ယူရိုသန်း(၈၀)ဝန်းကျင် ပေးချေဖို့ အကြွေးတင်နေတယ်လို့ ဖော်ပြထားတာပါ။

PSG နဲ့ ဘာပေရဲ့ရှေ့နေတွေဟာ သစ္စာရှိမှုအပိုဆုကြေးအတွက်လည်း အငြင်းအခုံဖြစ်နေတာနဲ့အတူ ထွက်ခွာဖို့အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ PSG အသင်းဟာ ဘာပေကို အလွတ်နဲ့ ဆုံးရှုံးရမှာဖြစ်တဲ့အတွက် အပိုဆုကြေးကို မရယူဖို့ မျှော်လင့်နေတာပါ။ ၂၀၁၇ ကတည်းက မိုနာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘာပေဟာ PSG အသင်းအတွက် (၃၀၈)ပွဲကစားခဲ့ပြီး (၂၅၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၉၆)ကြိမ်ပြုလုပ်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဘာပေဟာ ရီးရယ်လ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မယ့် အပြောင်းအရွှေ့ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေညာသွားဖို့ ရှိနေပြီး ဒီလိုမကြေညာခင် မက်ဒရစ်မှာ ပေါင်(၁၅)သန်းတန်ကြေးရှိ အိမ်ကြီးတစ်လုံးကို ဝယ်ယူခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *