ဘယ်လင်ဂမ်၊ လာမင်းယာမားလ်နဲ့ မီချယ်လ်ဆန်းချက်ဇ်တို့ ဆွတ်ခူးခဲ့တဲ့ လာလီဂါအကောင်းဆုံးဆုများ

0

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် လာလီဂါ အကောင်းဆုံးကစားသမားဆု (La Liga’s Player of the Year)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုနှစ်အတွက် လာလီဂါအကောင်းဆုံးဆုတွေကို လာလီဂါဘောလုံးအဖွဲ့ချုပ်(LFP)က Sardinia ကျွန်းမှာ ပြုလုပ်ခဲ့တဲ့ KAFD Globe Soccer European Awards ဆုပေးပွဲနဲ့ ပူးပေါင်းကျင်းပခဲ့ပြီး ဘယ်လင်ဂမ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်နေရလို့ ဒီဆုပေးပွဲကို မတက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

လာလီဂါအကောင်းဆုံးနည်းပြဆု (Best Coach of the Season) ကိုဆွတ်ခူးခဲ့တဲ့ ဂျီရိုနာနည်းပြ မီချယ်လ်ဆန်းချက်ဇ်

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ(၁၉)ဂိုးသွင်းယူပြီး အသင်းကို (၃၆)ကြိမ်မြောက် လာလီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီဆုအတွက် ဆုရွေးချယ်ရေးအဖွဲ့က ကျွမ်းကျင်သူတွေရဲ့မဲတွေအပြင် ပရိသတ်တွေနဲ့ ကလပ်အသင်းခေါင်းဆောင်တွေရဲ့မဲတွေကိုပါ စုပေါင်းပြီး အကောင်းဆုံးကစားသမားကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့စပိန်လူငယ်ကစားသမား လာမင်းယာမားလ်က လာလီဂါပြိုင်ပွဲရဲ့အကောင်းဆုံးယူ-၂၃ နှစ်အောင်လူငယ်ကစားသမားဆု(Best U-23 Player of the Season)ကို ဆွတ်ခူးခဲ့ပါတယ်။

လာလီဂါအကောင်းဆုံးနည်းပြဆု (Best Coach of the Season)ကို ဂျီရိုနာအသင်းနည်းပြ မီချယ်လ်ဆန်းချက်ဇ်က ဆွတ်ခူးခဲ့ပါတယ်။

လာလီဂါအကောင်းဆုံးဂိုး(Goal of the Year)သွင်းသူဆုကို အိုဆာဆူနာအသင်းရဲ့ညာနောက်ခံလူ အရီဆိုက ဂီတာဖေးအသင်းဘက်ကို သွင်းတဲ့ဂိုးအတွက် ဆွတ်ခူးရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *