Day: September 4, 2024

ကလပ်သမိုင်းတစ်လျှောက် အကြီးမားဆုံးစာချုပ်နဲ့ မာရှယ်ကို AEK အေသင် ကမ်းလှမ်းမှုပြုလုပ်

ကစားသမားဘဝကို ပြန်လည်စတင်နိုင်ဖို့ကြိုးစားနေတဲ့ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ဟာ ဂရိကလပ် AEK အေသင်အသင်းရဲ့သမိုင်းတစ်လျှောက် အကြီးမားဆုံးစာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခြင်းခံထားရပါတယ်။ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးသွားခဲ့လို့ ပြီးခဲ့တဲ့ရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။ အသက်(၂၈)နှစ်အရွယ်ရှိ မာရှယ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ကလပ်အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့်...

Instagram မှာတင်ထားတဲ့ပို့စ်ကြောင့် L.မာတီနက်ဇ်ကို မန်ယူနိုက်တက် ပရိသတ်တွေဝေဖန်

အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ မန်ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲအပြီး နောက်ရက်အကြာမှာ လီဗာပူးလ်အသင်းကွင်းလယ်လူ မက်အလစ္စတာနဲ့ အတူတွဲရိုက်ထားတဲ့ပုံကို သူ့ရဲ့Instagram မှာ တင်ထားခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံနေရပါတယ်။ လီဆန်ဒရိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားဖို့ နိုင်ငံအသင်းထံ...

(၁၇)နှစ်ကြာကစားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်တော့မယ့် ဆွာရက်ဇ်

ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဒီတစ်ပတ်ကစားမယ့် နိုင်ငံတကာပွဲတွေမတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံပြီး သူ့အနေနဲ့ နိုင်ငံတကာဘောလုံးသမားဘဝက အနားယူတော့မှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ဆွာရက်ဇ်ကို အလွန်ဝမ်းနည်းနေတဲ့ အမူအရာနဲ့တွေ့ခဲ့ရပြီး သူ့အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရတဲ့ပုံပေါ်နေပါတယ်။ လာမယ့် စက်တင်ဘာ(၆)ရက်(စနေ့နေ့)မှာ...

ကက်စီမီရိုအတွက် စကားလုံးတိုက်ပွဲဖြစ်နေတဲ့ ကာရေဂါနဲ့ ဖာဒီနန်

လီဗာပူးလ်နောက်ခံလူဟောင်းဂျေမီကာရေဂါနဲ့ မန်ယူနိုက်တက်နောက်ခံလူဟောင်းရီယိုဖာဒီနန်တို့ဟာ ကစားသမားဘဝမှာ အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက် အသင်းနှစ်သင်းရဲ့ကစားသမားတွေဖြစ်တာနဲ့အညီ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နောက်ခံလူတွေဖြစ်ခဲ့ကြပါတယ်။ ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်လာတော့လည်း အင်္ဂလန်ဘောလုံးရုပ်သံလောကမှာ သဘောထားမတူတဲ့ အငြင်းပွားမှုတွေကို မကြာခဏတွေ့ရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ်ပွဲအပြီးမှာလည်း သူတို့နှစ်ဦးရဲ့အငြင်းပွားမှုကို ပရိသတ်တွေတွေ့ရပြန်ပါတယ်။...

ဖိုဒန်၊ကိုးလ်ပါမားနဲ့ ဝက်ကင်စ်တို့ အင်္ဂလန်ရဲ့Nations League လူစာရင်းက နုတ်ထွက်

အင်္ဂလန်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်၊ကိုးလ်ပါမားနဲ့ ဝက်ကင်စ်တို့ဟာ Nations League ပွဲတွေယှဉ်ပြိုင်မယ့် နိုင်ငံအသင်းရဲ့လူစာရင်းက နုတ်ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ယာယီနည်းပြအဖြစ် အင်္ဂလန်အသင်းကို ကိုင်တွယ်မယ့် လီကာစလေဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်တွေမှာ...

ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာ့ဂ်ဝိုင်ကို နယ်သာလန်အတွက် မရွေးချယ်ဘူးလို့ ကိုးမန်းဆို

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်ကစားသမား ဘာ့ဂ်ဝိုင်ကို လာမယ့် Nations League ပွဲတွေအတွက် လူစာရင်းမှာ ရွေးချယ်ဖို့ စဉ်းစားသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ စပါးအသင်းကစားသမားဟောင်း ဘာ့ဂ်ဝိုင်ဟာ အိုင်းယက်စ်အသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံပေါင်(၁၇.၇)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ရော်နယ်လ်ကိုးမန်းက...

ဒီယေဂိုအမန်ဒါမာရာဒိုနာကွင်းနားမှာ သေနတ်ထောက်လုယက်ခံခဲ့ရတဲ့ နီရက်စ်

စီးရီးအေကလပ်နာပိုလီအသင်းရဲ့ဘရာဇီးလ်တောင်ပံကစားသမားဒေးဗစ်နီရက်စ်ဟာ ပြီးခဲ့တဲ့ နာပိုလီ(၂-၁)ပါးမားပွဲအပြီး နေအိမ်ကို ပြန်ရာမှာ ပွဲကစားရာ ဒီယေဂိုအာမန်ဒါမာရာဒိုနာကွင်းအနား သေနတ်သမား(၂)ဦးရဲ့ သေနတ်နဲ့ ခြိမ်းခြောက်လုယက်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။ နီရက်စ်ဟာ ပြီးခဲ့တဲ့ (၁၀)ရက်လောက်ကမှ ဘင်ဖီကာအသင်းကနေ စီးရီးအေကလပ်နာပိုလီအသင်းကို ပြောင်းရွှေ့ကြေးပေါင် (၂၃.၅)သန်းနဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး...

အထင်နဲ့ အမြင်လွဲနေတဲ့ ပြိုင်မြင်းနှစ်ကောင်ရဲ့လာလီဂါ

ပြီးခဲ့တဲ့ရာသီအောင်မြင်မှုနဲ့ နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူးဘာပေရောက်ရှိလာမှုတွေကြောင့် ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး နံပါတ်တစ် ဖေးဘရိတ်ဖြစ်နေတာ မဆန်းဘူးလို့ ဆိုရမှာပါ။ ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် ဒီနွေရာသီမှာ အလိုရှိတဲ့ကစားသမားတွေကို ငွေကြေးများစွာသုံးစွဲပြီး မခေါ်နိုင်တဲ့အခြေအနေကို ကြုံတွေ့ခဲ့ရသလို၊ အော်လ်မိုတို့လို ကစားသမားသစ်တွေကို...

အိမ်ထောင်ရေးပြိုကွဲမှုရဲ့နောက်ဆက်တွဲဖြစ်ခဲ့တဲ့ ထရစ်ပီယာရဲ့ နိုင်ငံတကာကစားသမားဘ၀ အဆုံးသတ်မှု

နယူးကာဆယ်နောက်ခံလူကီယာရန်ထရစ်ပီယာ(၃၃ နှစ်)အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကနေ ရုတ်တရက်အနားယူခဲ့တာက သူ့ရဲ့အိမ်ထောင်ရေးပြိုကွဲမှုရဲ့နောက်ဆက်တွဲဖြစ်တယ်လို့ နီးစပ်သူတွေက ပြောခဲ့ကြပါတယ်။ ထရစ်ပီယာဟာ သူနဲ့ လက်ထပ်ထားတာ(၈)နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူချားလော့တီနဲ့ မကြာသေးမီကမှ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ချားလော့တီနဲ့ ထရစ်ပီယာတို့ဟာ အသက်ငယ်ရွယ်စဉ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာမှ ဆိုက်ပရပ်စ်နိုင်ငံမှာ...