Day: September 6, 2024

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံမှုကို ကိုပါဖလားကို ကိုင်ပြီး E.မာတီနက်ဇ်ထပ်လုပ်

အာဂျင်တီးနားအသင်းက ချီလီအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ဟာ ကိုပါအမေရိကဖလားနဲ့ အောင်ပွဲခံချိန် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပြုလုပ်ခဲ့တဲ့ အောင်ပွဲခံမှုကို ထပ်ပြီးပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ အာဂျင်တီးနားကစားသမားတွေဟာ ကိုပါအမေရိကဖလားပုံတူနဲ့ ကွင်းအတွင်းအောင်ပွဲခံခဲ့ကြပြီး အီမီလီယာနိုမာတီနက်ဇ်ဟာ...

ကိုးမန်းလက်အောက်မှာ နယ်သာလန်အသင်းအတွက် မိမိ မကစားဘူးလို့ ဘာ့ဂ်ဝိုင် တုံ့ပြန်

အိုင်းယက်စ်အသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တာကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းရဲ့ဝေဖန်မှုတွေခံခဲ့ရတဲ့ တောင်ပံကစားသမား ဘာ့ဂ်ဝိုင်က သူဟာ ဒီနည်းပြလက်အောက်မှာ နယ်သာလန်အသင်းအတွက် ကစားမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ရော်နယ်လ်ကိုးမန်းက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာဂ့်ဝိုင်ကို နယ်သာလန်အသင်းအတွက် သူရွေးချယ်ဖို့ မစဉ်စားတော့ဘူးလို့...

ကြွက်သားဒဏ်ရာကြောင့် ဘရာဇီးလ်လေ့ကျင့်ရေးစခန်းကနေ မီလီတာအို ထွက်ခွာ

ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ မီလီတာအိုဟာ ကြွက်သားဒဏ်ရာကြောင့် အီကွေဒေါ၊ပါရာဂွေးအသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမတိုင်ခင် ဘရာဇီးလ်အသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခဲ့တယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ထုတ်ပြန်ခဲ့ပါတယ်။ မီလီတာအိုရဲ့ဒဏ်ရာဟာ ဘရာဇီးလ်အသင်းအတွက်ရော ရီးရဲလ်မက်ဒရစ်အသင်းအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာပါ။ မီလီတာအိုဟာ ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းရဲ့ဒီခြေစစ်ပွဲ(၂)ပွဲစလုံးကို ပါဝင်နိုင်ခြင်းမရှိတော့တာ...

မန်ယူနိုက်တက်ရဲ့ကစားပုံ တိုးတက်မှုမရှိရင် တန်ဟတ် ထုတ်ပယ်ခံရမယ်လို့ သတင်းထွက်ပေါ်

မန်ယူနိုက်တက်အသင်းဟာ ရာသီအစကို ဆိုးရွားစွာစတင်ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ သူ့ရဲ့ကစားပုံကို တိုးတက်အောင်မလုပ်နိုင်ရင် ထုတ်ပယ်ခံရမယ့် အန္တရာယ်ရှိတယ်လို့ The Guardian က ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နွေရာသီက ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ သူ့ကို(၁)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး ကလပ်မှာဆက်ပြီး...

ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းမှာ သွင်းဂိုး စုစုပေါင်း(၉၀၀) ဂိုးပြည့်သွားခဲ့တဲ့ စီရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ UEFA Nations League ပွဲတစ်ပွဲဖြစ်တဲ့ ပေါ်တူဂီ(၂-၁)ခရိုအေးရှားပွဲမှာ ပေါ်တူဂီအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်းက (၉၀၀)ဂိုးပြည့်သွားခဲ့ပါတယ်။ မကြာသေးမီက မန်ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ YouTube စကားပြောခန်းမှာ ကစားသမားဘဝသွင်းဂိုး(၁၀၀၀)ပြည့်ဖို့...

Ballon d’Or ဆု ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့တဲ့ အကောင်းဆုံးကစားသမား(၁၀)ဦး

Ballon d'Or ဆုတွေအတွက် ဆန်ခါတင်စာရင်းတွေထွက်ပေါ်လာခဲ့ရာမှာ တချို့ဆုတွေမှာ ကစားသမားတချို့ကျန်နေရစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။ လီဗာပူးလ်ပရိသတ်တွေက ဆန်ခါတင်စာရင်းအားလုံးမှာ သူတို့ရဲ့ကစားသမားတစ်ဦးတစ်ယောက်မှ မပါဝင်ခြင်းအတွက် စိတ်ပျက်ပြီး ဆုရွေးချယ်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက အသင်းမှာ လက်စွမ်းပြခဲ့တဲ့...

အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ပွဲမှာ ပထမဆုံးအနိုင်ရတဲ့ ဆမ်မာရီနို

အီတလီနိုင်ငံ မြေပုံကို ကြည့်ရင်မြောက်ပိုင်းမှာ ငါးလိပ်ကျောက်ပုံစံ အကွက်လေးတစ်ခုကို တွေ့ရပါလိမ့်မယ်။ အဲဒီအကွက်လေးက ဆမ်မာရီနိုနိုင်ငံဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်းက (၆၁)စတုရန်းကီလိုမီတာလောက်သာရှိပြီး ပဲခူးမြို့သာသာလောက်ပဲကျယ်ဝန်းတဲ့ ဒီကုန်းပိတ်နိုင်ငံလေးမှာ လူဦးရေ(၃၃၀၀၀)ကျော်သာ နေထိုင်ပါတယ်။ နိုင်ငံလေးကသေးသလို ဘောလုံးလောကမှာလည်း ဆမ်မာရီနိုလက်ရွေးစင်ဘောလုံးအသင်းက အင်အားသေးငယ်တဲ့အသင်းတစ်သင်းအဖြစ်သာရှိခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့...

Ballon D’Or မှာ အပြိုင်ဖြစ်နေတဲ့ ရီးရဲလ်-ဘာစီလိုနာနဲ့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဗင်နီစီယပ်စ်

၁၉၅၆ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တဲ့ Ballon d'Or ဆုကို နှစ်ပေါင်း(၆၈)နှစ်အတွင်း (Pandemic ဖြစ်ခဲ့တဲ့) ၂၀၂၀ ခုနှစ်ကလွဲလို့ နှစ်တိုင်းရွေးချယ်ချီးမြှင့်နေပြီး ဆုအရေအတွက်(၆၇)ကြိမ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ(၆၇)ကြိမ်ထဲမှာ ကလပ်အသင်းအလိုက် အကြိမ်အများဆုံးရယူဆွတ်ခူးနိုင်ခဲ့တာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်ပြီး ဒီ(၂)သင်းက...