Day: September 8, 2024

၈.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ စပိန်ကွင်းလယ်လူ အော်လ်မိုဟာ ဘာစီလိုနာအသင်းထံ ပြန်လာခဲ့ပြီး ဒီနေ့ညမှာကစားမယ့် ဆွစ်ဇာလန်အသင်းနဲ့ Nations League ပွဲစဉ်မှာမပါဝင်ဘူးလို့သိရပါတယ်။ အော်လ်မိုရဲ့ဒဏ်ရာဟာ ပြင်းထန်မှုမရှိပေမယ့် စပိန်အသင်းက သူ့ကို ဘယ်လိုစွန့်စားမှုမှမပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ■ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာကို ၂၀၂၅...

အိုင်ယာလန်-အင်္ဂလန်ပွဲမှာ ထိုင်ခုံနေရာမှားထိုင်ခဲ့ပြီး ပထမဆုံးအမှားကို လီကာစလေ ပြုလုပ်ခဲ့

မနေ့က အိုင်ယာလန်(ဝ-၂)အင်္ဂလန် UEFA Nations League ပွဲကို အင်္ဂလန်အသင်းယာယီနည်းပြအဖြစ် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ လီကာစလေဟာ ထိုင်ခုံနေရာမှားထိုင်ပြီး ပထမဆုံးအမှားကို ပြုလုပ်ခဲ့ပါတယ်။ အိုင်ယာလန်ကစားသမားဟောင်းဖြစ်တဲ့ လီကာစလေဟာ အင်္ဂလန်အသင်းနည်းပြအဖြစ်နဲ့ Aviva Stadium ထဲကို ပထမဆုံးအကြိမ်ဝင်ရောက်လာချိန်မှာ အမှားအယွင်းကို...

မန်စီးတီးနဲ့ ဟာလန်း စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်ဖွယ်ရှိ

နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ အကျိုးအမြတ်အများကြီးရရှိမယ့် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပါဝင်ဖွယ်ရှိနေပါတယ်။ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ရာသီသစ်ကို အလွန်ကောင်းမွန်စွာစတင်နေပြီး အဖွင့်ပွဲစဉ်(၃)ပွဲမှာ ဟက်ထရစ်(၂)ကြိမ်အပါအဝင် သွင်းဂိုး(၇)ဂိုးသွင်းယူထားတာပါ။ ဟာလန်းဟာ မကြာခင်မှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့...

အိုင်ယာလန်ကို ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ ဒက်ကလန်ရိုက်စ်ဆို

မနေ့က အိုင်ယာလန်(ဝ-၂)အင်္ဂလန် UEFA Nations League ပွဲမှာ အိုင်ယာလန်အသင်းဘက်ကို ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပွဲအပြီး beIN SPORTS နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ အိုင်ယာလန်ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေခံခဲ့ရတဲ့...

ပြိုင်ပွဲဝင်အသင်း(၃၂)သင်းမှာ (၃၀)သင်း ထွက်ပေါ်ထားတဲ့ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား

ကမ္ဘာတစ်ဝှမ်းက ကလပ်အသင်းပေါင်း(၃၂)သင်း ပါဝင်ယှဉ်ပြိုင်မယ့် အသွင်သစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရှေ့လာမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်(၁၅)ရက်နေ့ကနေ ဇူလိုင်(၁၃)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၂၀၂၄-၂၅ ရာသီအပြီး ရက်ပိုင်းအတွင်းကျင်းပသွားမယ့် ဒီပြိုင်ပွဲကို ကစားသမားတွေ၊ နည်းပြတွေက ဝေဖန်မှုအမျိုးမျိုးရှိနေပြီး...

အိုင်ယာလန်အသင်းကို ဂိုးပြန်သွင်းတဲ့ မြွေနှစ်ကောင် ဂရီးလစ်ရှ်နဲ့ ဒက်ကလန်ရိုက်စ်

မနေ့က ကစားခဲ့တဲ့ UEFA Nations League အဖွင့်ပွဲစဉ် အိုင်ယာလန်(ဝ-၂)အင်္ဂလန်ပွဲမှာ အိုင်ယာလန်ပရိသတ်တွေက အင်္ဂလန်အသင်းရဲ့ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဒက်ကလန်ရိုက်စ်နဲ့ ဂရီးလစ်ရှ်တို့ကို လှောင်ပြောင်ရှုတ်ချခဲ့ကြပါတယ်။ ဒီကစားသမား(၂)ဦးစလုံးက အိုင်ယာလန်နိုင်ငံကိုယ်စားပြုဘောလုံးအသင်းတွေအတွက် လူငယ်ကစားသမားဘဝက ကစားခဲ့ဖူးကြဖူးပြီး အင်္ဂလန်လက်ရွေးစင်အဖြစ်ကို ကူးပြောင်းခဲ့ကြသူတွေပါ။ ဒါကြောင့် အိုင်ယာလန်ကစားသမားဘဝကနေ...

လူဝကြီးရွန်နီ ဖရီးကစ်သွင်းပြီး ဆဲလ်တစ်ဂန္ထဝင်အသင်းကို မန်ယူနိုက်တက်ဂန္ထဝင်အသင်းရှုံးခဲ့တဲ့ ရန်ပုံငွေပွဲ

မန်ယူနိုက်တက်ဂန္ထဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္ထဝင် အသင်းတို့ရဲ့ရန်ပုံငွေ ခြေစမ်းပွဲကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဒီနေ့ကျင်းပခဲ့ရာမှာ ဆဲလ်တစ်ဂန္ထဝင် အသင်းက ပယ်နယ်တီအဆုံးအဖြတ်မှာ (၅-၄)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနှစ်သင်းက ပုံမှန်ပွဲချိန်အတွင်းမှာ (၄-၄)ဂိုးနဲ့ သရေကျခဲ့ကြတာပါ။ မန်ယူနိုက်တက်ဂန္ထဝင်အသင်းမှာ နည်းပြကြီးဖာဂူဆန်ရဲ့လက်အောက်မှာ ကစားခဲ့တဲ့ နာမည်ကျော်ကစားသမားများစွာပါဝင်ကစားခဲ့ပြီး ရွန်နီ၊...

ဂိုးပေါက်ပျောက် ဘာပေနဲ့ ဂိုးမိုးခေါင်လာတဲ့ ပြင်သစ်အသင်း

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဒီနောက်ပိုင်းပွဲတွေမှာ အဓိကတိုက်စစ်မှူးဘာပေက ဂိုးပေါက်ပျောက်တဲ့ပွဲတွေများလာပြီး နောက်ဆုံးကစားခဲ့တဲ့(၁၂)ပွဲမှာ ပယ်နယ်တီ(၁)ဂိုးအပါအဝင် (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဘာပေတင် ဂိုးပေါက်ပျောက်တာမဟုတ်ဘဲ ပြင်သစ်အသင်းက တခြားရှေ့တန်းတိုက်စစ်မှူးတွေလည်း ဂိုးသွင်းနှုန်း သိသိသာသာ ကျဆင်းလာတာ အသင်းရဲ့ရလဒ်တွေက သက်သေခံနေပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲ(၈)ပွဲမှာ...