၂၀၀၄ ခုနှစ်က အီတလီနိုင်ငံ၊ မီလန်မြို့က ဆန်စီရိုကွင်းမှာကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲကို ဘေဆယ်ပရိသတ်တစ်ဦးဖြစ်သူ ရော့ဖ်ဘန်တယ်က အခြားဘေဆယ်ပရိသတ်တွေနဲ့အတူ သွားကြည့်ခဲ့ပါတယ်။

ပွဲအပြီး အိမ်သာသွားရာမှာ အခြားဘေဆယ်ပရိသတ်တွေနဲ့ သူလူချင်းကွဲသွားခဲ့ပြီး အကြိုအပို့လုပ်ပေးတဲ့ ဘတ်စ်ကားကလည်း သူ့ကို မစောင့်ဘဲထွက်သွားပါတယ်။ ရော့ဖ်ဘန်တယ်ဟာ မီလန်မြို့လမ်းတွေပေါ်မှာ အိမ်ခြေမဲ့တစ်ဦးလို လျှောက်သွားနေထိုင်ခဲ့ရပြီး နောင်(၁၁)နှစ်ကြာမှ ဘေဆယ်မြို့က သူ့နေအိမ်ကို ပြန်ရောက်လာပါတယ်။

သူ့ကို လူတွေက သနားကြပြီး မီဒီယာတွေကလည်း သူ့ဖြစ်ရပ်ကို အင်တာဗျူးမေးမြန်းဖော်ပြကြပါတယ်။

ဒါပေမယ့် သူပြောတာတွေကို အခုထိမယုံကြည်သေးဘဲ သနားဖို့နေနေသာသာ စိတ်ဆိုးနေသူတစ်ဦးရှိပါတယ်။

အဲဒါကတော့ သူ့ “မိန်းမ”ပါပဲ ….

Leave a Reply

Your email address will not be published. Required fields are marked *