Day: September 1, 2024

၁.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ နာပိုလီအသင်းဟာ တိုက်စစ်မှူး အိုစီမန်ကို ကလပ်အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ အစီအစဉ်မရှိဘူးလို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒါကြောင့် အိုစီမန်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ဖွင့်နေဆဲဖြစ်တဲ့ နိုင်ငံက ကလပ်အသင်းတွေထံမပြောင်းရင် ဇန်နဝါရီအထိ နာပိုလီအသင်းအတွက် ပါဝင်ကစားရမှာမဟုတ်ဘူးလို့သိရပါတယ်။ ■ မန်ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ လုပ်ခ်ရှောရဲ့နေရာကို ရေရှည်အစားထိုးဖို့အတွက်...

မူးယစ်ရမ်းကားလို့ ပွဲကြီးကြပ်ခွင့် (၅)လ ပိတ်ခံခဲ့ရတဲ့ ပိုလန်လူမျိုး ဒိုင်လူကြီး(၂)ဦး

ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာ ပိုလန်လူမျိုးဒိုင်လူကြီး(၂)ဦးကို မလျော်ကန်တဲ့လုပ်ရပ် ကျူးလွန်ခဲ့ကြတဲ့အတွက် ပွဲကြီးကြပ်ခွင့် (၅)လပိတ်ပင်တဲ့ ပြစ်ဒဏ်နဲ့ ဆိုင်းငံ့(၇)လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်(၇)ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ ဒိုင်နမိုကိဗ်(၁-၁)ရိန်းဂျားစ်ပွဲမတိုင်မီညက ဒီပိုလန်ဒိုင်(၂)ဦးက မူးယစ်ရမ်းကားခဲ့ကြတာပါ။ ယူကရိန်းကလပ်ဒိုင်နမိုကိဗ်အသင်းရဲ့အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဒီပွဲကို ရှရှားကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းမှာ...

ဖရန်ကီဒီယွန်းရဲ့ဒဏ်ရာအခြေအနေပေါ် စိတ်ပျက်ပြီး ဘာစီလိုနာ ရာဇသံပို့ထားကြောင်း သတင်းထွက်ပေါ်

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းရဲ့ဒဏ်ရာအခြေအနေအပေါ် စိတ်ပျက်ပြီး သူ့ကိုရာဇသံပို့ကာ နောက်ဆုံးရက်သတ်မှတ်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ ဖရန်ကီဒီယွန်းဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ Clasico ပွဲမှာ ညာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိပြီးနောက် ဧပြီကတည်းက ပွဲကစားနိုင်ခြင်းမရှိခဲ့တာပါ။ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ ဖရန်ကီဒီယွန်းကို ဒီရာသီအစပွဲစဉ်တွေမှာ...

ဘုန်းမောက်ကို ရှုံးခဲ့တဲ့ပွဲက မိမိရဲ့နည်းပြဘဝမှာ စိတ်ပျက်စရာအကောင်းဆုံးပွဲလို့ ရှောင်ဒိုက် ဆို

မနေ့က အဲဗာတန်(၂-၃)ဘုန်းမောက် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ သူ့ရဲ့နည်းပြဘဝမှာ စိတ်ပျက်စရာအကောင်းဆုံးပွဲဖြစ်တယ်လို့ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဒီပွဲမှာ ပွဲချိန်(၈၆)မိနစ်အထိ ဘုန်းမောက်အသင်းကို (၂-ဝ)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်(၈၇)မိနစ်နဲ့ ထပ်ဆောင်းအချိန်ပိုတွေမှာ ဘုန်းမောက်အသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ...

အကယ်ဒမီမှာ ကလေးတစ်ဦးကို နှိပ်စက်လို့ အရေးယူခံရတဲ့ ဆွန်ဟောင်မင်ရဲ့ ဖခင်နဲ့ အစ်ကို

စပါးအသင်းရဲ့တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်ရဲ့ဖခင်ဖြစ်သူဆွန်ဝုန်ဂျန်းနဲ့ အစ်ကိုဖြစ်သူဆွန်ဟောင်ယွန်တို့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ "ဆွန်"အကယ်ဒမီမှာ ကျောင်းသားလူငယ်လေးတစ်ဦးကို နှိပ်စက်ခဲ့တဲ့လုပ်ရပ်အတွက် ဒဏ်ကြေးငွေပေးဆောင်ခဲ့ရပါတယ်။ "ဆွန်"အကယ်ဒမီက တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်မြို့ရဲ့အရှေ့မြောက်ဘက် (၄၅)မိုင်အကွာလောက်မှာရှိတဲ့ ချွမ်ချွန်းမြို့မှာရှိပြီး ဆွန်ဟောင်မင်ကိုအားကျတဲ့ လူငယ်ဘောလုံးသမားလေးတွေ တက်ရောက်ပညာသင်ယူနေတဲ့ သင်တန်းကျောင်းလည်းဖြစ်ပါတယ်။ အခုနှစ်ဧပြီလအတွင်း ဒီအကယ်ဒမီက ကျောင်းသားတစ်ဦးကို...

ဒက်ကလန်ရိုက်စ်ရဲ့ အနီကတ်က မြင်တွေ့ဖူးသမျှထဲမှာ အဆိုးဝါးဆုံး အနီကတ်လို့ ပီယာ့စ်မော်ဂန် ဆို

ပရီးမီးယားလိဂ်ပွဲစဉ်(၃) အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်လူဒက်ကလန်ရိုက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်က မိမိမြင်တွေ့ဖူးသမျှအနီကတ်တွေထဲမှာ အဆိုးရွားဆုံးအနီကတ်ဖြစ်တယ်လို့ ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်က သူ့ရဲ့ ဆိုရှယ်မီဒီယာက တစ်ဆင့်ဝေဖန်လိုက်ပါတယ်။ ရိုက်စ်ဟာ ပွဲချိန်(၄၂)မိနစ်မှာ ဘောလုံးဖျက်ထုတ်မှုကနေ ပထမအဝါကတ်အပြခံရပြီး ပွဲချိန်(၄၉)မိနစ်မှာ အငြင်းပွားဖွယ်အနေအထားကနေ ဒုတိယအဝါကတ်ထိပြီး (၂)ဝါ(၁)နီနဲ့...

ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုကို ဟာလန်း ပယ်ချ

မနေ့က ဝက်စ်ဟမ်း(၁-၃)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်အပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်အသင်းစောစောစီးစီး ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းနဲ့(၁)ဂိုး ရလဒ်နဲ့သရေကျခဲ့တာကြောင့်...

ဝက်စ်ဟမ်း(၁-၃)မန်စီးတီးပွဲ Highlight Video

■ Video - မနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်း(၁-၃)မန်စီးတီးပွဲမှာ ဟာလန်းသွင်းယူခဲ့တဲ့ ဟက်ထရစ် (၃)ဂိုး(၁၀၊ ၃၀၊ ၈၃ မိနစ်)နဲ့ ဝက််ဟမ်းအသင်းအတွက် မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်သွင်းမိခဲ့တဲ့ Own Goal (၁၉ မိနစ်)

အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲ Highlight Video

■ Video - မနေ့က ကစားခဲ့တဲ့ အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲက အာဆင်နယ်တိုက်စစ်မှူးကိုင်ဟာဗက်ဇ်ရဲ့ဦးဆောင်ဂိုး(၃၈ မိနစ်)၊ ဒက်ကလန်ရိုက်စ်ရဲ့အငြင်းပွားဖွယ်နှစ်ဝါတစ်နီ(၄၉ မိနစ်)နဲ့ ဘရိုက်တန်အသင်းအတွက် ဘရာဇီးလ်တိုက်စစ်မှူးဂျော်အိုပက်ဒရိုရဲ့ချေပဂိုး(၅၈ မိနစ်)