ဂန္ထဝင်ဂယ်ရီရှောအတွက် ချန်ပီယံလိဂ်အဖွင့်ပွဲမှာ အနိုင်ရလဒ်ယူပေးဖို့ အူနှိုင်းအမ်မရီ အလိုရှိ

0

ဒီနေ့ကစားမယ့် ယန်းဘွိုင်းစ်-အက်စတွန်ဗီလာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင် ကွယ်လွန်သွားခဲ့တဲ့ ဂန္ထဝင်ဂယ်ရီရှောအတွက် အက်စတွန်ဗီလာအသင်းဟာ ဒီပွဲမှာအနိုင်ရလဒ်ရယူပေးနိုင်ဖို့ နည်းပြအူနှိုင်းအမ်မရီက အလိုရှိနေပါတယ်။ အက်စတွန်ဗီလာအသင်းအတွက် ၁၉၈၂ ဥရောပဖလားရယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဂယ်ရီရှောဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူ့အသက်က(၆၃)နှစ်ရှိပြီဖြစ်တာပါ။

ယန်းဘွိုင်းစ်အသင်းနဲ့ပွဲစဉ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ဥရောပထိပ်တန်းကလပ်ပြိုင်ပွဲကို (၄၁)နှစ်အကြာမှ ပထမဆုံးယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ဒီပွဲမှာနိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် ဂယ်ရီရှောအတွက် ပြီးပြည့်စုံတဲ့ ဂုဏ်ပြုမှုဖြစ်မယ်လို့ ခံစားနေရတာပါ။

အူနှိုင်းအမ်မရီက “ကျွန်တော်တို့မှာ အမှတ်ရစရာအမြဲရှိနေပါတယ်။ ကျွန်တော်တို့ရဲ့လေ့ကျင့်ရေးကွင်းမှာ ၁၉၈၂ နဲ့ ဥရောပဖလားပုံမှာ သူကအဓိကဇတ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒီဝမ်းနည်းစရာကောင်းတဲ့အရာကို တွန်းအားအနေနဲ့ အသုံးပြုနိုင်ပါတယ်”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

File photo dated 26-05-1982 of Aston Villa’s Gary Shaw (left), Tony Morley (centre) and scorer of the winning goal Peter Withe (right). Former Aston Villa striker Gary Shaw has died at the age of 63, the club have announced. Issue date: Monday September 16, 2024. PA Photo. See PA story SOCCER Shaw. Photo credit should read PA/PA Wire.

အက်စတွန်ဗီလာအသင်းဟာ ဂယ်ရီရှောကွယ်လွန်တဲ့အတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် ယန်းဘွိုင်းစ်အသင်းနဲ့ပွဲစဉ်မှာ လက်ပတ်အနက်ရောင်ကို ဝတ်ဆင်သွားကြမယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာအသင်းလူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ ဂယ်ရီရှောဟာ ကလပ်အသင်းအတွက် ၁၉၇၈ ကနေ ၁၉၈၈ အထိပါဝင်ကစားခဲ့ကာ ဥရောပဖလား၊ဥရောပစူပါဖလားနဲ့ အမှတ်ပေးဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *