Day: September 9, 2024

ဆေးစစ်မှု မအောင်မြင်ပြီးနောက် အယ်လ်ဟီလယ်ထံ နေမာပြန်လာနိုင်ဖို့ နောက်ထပ်(၂)လကြာ နောက်ကျဖွယ်ရှိ

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် အမြန်ဆုံးပြန်ကစားပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပေမယ့် ဆေးစစ်မှုမအောင်မြင်ခဲ့တာကြောင့် ပြန်လာနိုင်ဖို့ နောက်ထပ်(၂)လကြာနောက်ကျဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီက PSG အသင်းကနေ ပေါင်(၇၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးဖို့မျှော်လင့်ခဲ့ပေမယ့် ဥရုဂွေးအသင်းနဲ့ ၂၀၂၆...

နယ်သာလန် လေ့ကျင့်ရေးကွင်းမှာ ဝက်ဂ်ဟော့စ်နဲ့ တင်ဘာ ထိပ်တိုက်တွေ့တာကို ကိုးမန်းဖျန်ဖြေခဲ့ရ

နယ်သာလန်အသင်းဟာ ဂျာမနီအသင်းနဲ့ ကစားမယ့် Nations League ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရာမှာ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်နဲ့ နောက်ခံလူ တင်ဘာတို့ နှစ်ဦးသားထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး ဒါကို နည်းပြ ရော်နယ်လ်ကိုးမန်းက ဝင်ရောက်ဖျန်ဖြေခဲ့ရပါတယ်။ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝက်ဂ်ဟော့စ်ဟာ အာဆင်နယ်နောက်ခံလူ တင်ဘာရဲ့ဖျက်ထုတ်မှုကြောင့်...

မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကြေညာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၄-၂၅ ခုနှစ်အတွင်းမှာ နိုင်ငံတကာပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို စက်တင်ဘာကစတင်ပြီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးနောက် မြန်မာအသင်းကို နည်းပြအဖြစ်တာဝန်ယူမှာပါ။ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်းဟာ ရန်ကုန်ယူနိုက်တက်၊ဧရာဝတီယူနိုတက်နဲ့ ရှမ်းယူနိုက်တက်အသင်းတို့အပြင်...

လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ပတ်သက်ပြီး မိမိ စိုးရိမ်ပူပန်မှုမရှိဘူးလို့ ဒယ်လာဖွန်တေ ဆို

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ဘာစီလိုနာကြယ်ပွင့် လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ ပတ်သက်ပြီး မိမိစိုးရိမ်ပူပန်မှုမရှိဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒယ်လာဖွန်တေက အခုလိုတုံ့ပြန်လာခဲ့တာပါ။ အသက်(၁၇)နှစ်အရွယ်ရှိ လာမင်းယာမားလ်ဟာ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ Nations...

ဘယ်သူနိုင်မလဲစောင့်ကြည့်ရမယ့် ချယ်လ်ဆီးအသင်းပိုင်ရှင်တွေရဲ့ အာဏာလွန်ဆွဲပွဲ

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတချို့က ကလပ်အသင်းပိုင်ရှင်တွေနဲ့ ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းတွေက မှန်ကန်မှုမရှိဘူးလို့ ဘယ်လောက်ပဲ ငြင်းငြင်း အတွင်းစည်းက ထွက်ပေါ်လာတဲ့သတင်းတွေအရ ချယ်လ်ဆီးအသင်းမှာ အသင်းပိုင်ရှင်တွေအကြား ပြိုကွဲမှုဖြစ်နေတာ သေချာသလောက်ရှိနေပါတယ်။ တကယ်တော့ ပြိုကွဲမှုလို့ ပြောတာထက် အာဏာလွန်ဆွဲမှုတိုက်ပွဲလို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။ တနည်းဆိုရင်တော့ ကလပ်အသင်းအပေါ်စီမံခန့်ခွဲပိုင်ခွင့်အားပြိုင်မှုဖြစ်ပါတယ်။...

ကမ္ဘာ့တစ်ဝှမ်းက နိုင်ငံလက်ရွေးစင်အသင်း (၄၈)သင်းအထိကို ဂိုးသွင်းထားးတဲ့ စီရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ UEFA Nations League ပွဲစဉ် ပေါ်တူဂီ(၂-၁)စကော့တလန်ပွဲမှာ အနိုင်ဂိုးကို ပွဲချိန်(၈၈)မိနစ်မှာ သွင်းယူပေးခဲ့ပြီးနောက် ကမ္ဘာ့ပေါ်က နိုင်ငံလက်ရွေးစင်အသင်းတွေထဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒို ဂိုးသွင်းတာ နိုင်ငံလက်ရွေးစင်အသင်း (၄၈)သင်းအထိရှိလာပါတယ်။ စီရော်နယ်ဒိုဟာ အရင်က စကော့တလန်အသင်းကို...