Day: September 3, 2024

ပြီးခဲ့တဲ့(၂)နှစ်အတွင်း အင်္ဂလန်မှာ မန်စီးတီးပြီးရင် မိမိတို့ဖလားအများဆုံးဆိုပြီး ဆိုးလ်ရှားကို တုံ့ပြန်ခဲ့တဲ့ တန်ဟတ်

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့(၂)နှစ်အတွင်း အင်္ဂလန်မှာ မန်စီးတီးအသင်းပြီးရင် ဆုဖလားအများဆုံးရယူထားတဲ့အသင်းဖြစ်တယ်လို့ ဆိုခဲ့ပြီး နည်းပြဟောင်း ဆိုးလ်ရှားရဲ့ဝေဖန်မှုကို တုံ့ပြန်ခဲ့ပါတယ်။ ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းအနေနဲ့ တိုးတက်မှုရှိမလာဘူးဆိုတာ အမှတ်ပေးဇယားရပ်တည်မှုတွေက သက်သေခံနေတယ်လို့ ဝေဖန်ခဲ့တာကို တန်ဟတ်က မီဒီယာတွေဆီကတစ်ဆင့် တုံ့ပြန်ခဲ့တာပါ။...

အာဆင်နယ်နဲ့ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်မှာ ပခုံးရိုးကျိုးခဲ့တဲ့ မယ်ရီနို(၂)လခန့် အနားယူရဖွယ်ရှိ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ပခုံးရိုးကျိုးသွားခဲ့တာကြောင့် (၂)လနီးပါးကြာ အနားယူရဖွယ်ရှိနေပါတယ်။ မယ်ရီနိုဟာ အာဆင်နယ်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဘရာဇီးလ်နောက်ခံလူ ဂေဘရီရယ်လ်နဲ့ တိုက်မိပြီး ပခုံးရိုးကျိုးသွားခဲ့တဲ့အတွက် အနားယူရမယ်လို့ နည်းပြအာတီတာက အတည်ပြုထားတာပါ။...

ပေါ်တူဂီလက်ရွေးစင်ကနေ အနားယူဖို့က မိမိအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ စီရော်နယ်ဒို ဆို

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ပေါ်တူဂီအသင်းကနေ အနားယူဖို့က သူ့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်မဟုတ်ပေမယ့် အခုအချိန်အနားယူမှာမဟုတ်သေးဘူးလို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်းအတွက် သူ့မှာပေးစရာတွေအများကြီးရှိသေးတယ်လို့လည်း ယုံကြည်နေသူပါ။ ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း(၂၁၂)ပွဲပါဝင်ကစားထားပြီး (၁၃၀)ဂိုးသွင်းယူထားတဲ့ စီရော်နယ်ဒိုဟာ ဒီနောက်ပိုင်းမှာ မကြာခဏဆိုသလို...

(၂၁) ရာစုမှာ ပွဲဦးထွက် (၃) ပွဲကစားအပြီး ဂိုးအများဆုံးသွင်းတဲ့ စံချိန်တင်ခဲ့တဲ့ ဟာလန်း

မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ရာသီအစမှာ ဟက်ထရစ်ဂိုးတွေသွင်းယူခြင်းနဲ့အတူ ထူးခြားစံချိန်မှတ်တမ်းတစ်ခုကို တင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ရာသီအစ ပွဲဦးထွက်အမှတ်ပေးပွဲ(၃)ပွဲကစားအပြီးမှာ ဂိုးအများဆုံးစံချိန်မှတ်တမ်းပါ။ ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာပဲ ဟက်ထရစ်(၂)ကြိမ်နဲ့အတူ သွင်းဂိုး(၇)ဂိုးသွင်းထားတာဖြစ်ပါတယ်။ ပွဲဦးထွက် ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ (၁)ဂိုး၊ ပွဲစဉ်(၂) မန်စီးတီး(၄-၁)အစ်ဝစ်ချ်ပွဲမှာ ဟက်ထရစ်(၃)ဂိုး၊ ပွဲစဉ်(၃)...

ငွေကြေးသုံးစွဲမှုမလျှော့ချနိုင်သေးဘဲ နွေရာသီမှာလည်း ဦးဆောင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင်သစ်ဖြစ်တဲ့ အမေရိကန်ဘီလျံနာသူဌေး တော့ဒ်ဘိုလေးနဲ့ အပေါင်းပါလက်ထက်မှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ငွေကြေးဘုံးဗောလအောအသုံးပြုခဲ့တာအတွက် ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့PSR Rules(Profit and Sustainability Rules)ကြောင့် ကလပ်အသင်းတွေအနေနဲ့ ငွေကြေးများစွာအရှုံးပေါ်မှာ၊ ထွက်ငွေများပြားမှာစိုးရိမ်ပြီး ချင့်ချိန်သုံးစွဲနေရချိန်မှာ ချယ်လ်ဆီးအသင်းကတော့ သူတို့ရဲ့ငွေကြေးသုံးစွဲမှုတွေကို မလျှော့ချနိုင်သေးတာကို...

တန်ဟတ်ကို မိမိတို့အပြည့်အဝထောက်ခံတယ်လို့ မန်ယူနိုက်တက် CEO နဲ့ အားကစားဒါရိုက်တာ ဆို

မန်ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့ပေမယ့် ကလပ်အသင်းရဲ့CEO ဘာရာဒါနဲ့ အားကစားဒါရိုက်တာ အက်ရှ်ဝေါ့တို့က နည်းပြအဲရစ်တန်ဟတ်ကို သူတို့အပြည့်အဝ ထောက်ခံမှုရှိတယ်လို့ ဆိုခဲ့ပါတယ်။ နည်းပြအဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့တာကြောင့်...

အိုစီမန်ကို အငှားနဲ့ခေါ်ယူဖို့ ဂါလာတာစာရေး ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန်ကို အငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားပါတယ်။|အိုစီမန်နဲ့ နာပိုလီအသင်းတို့ရဲ့ဆက်ဆံရေးဟာ လုံးဝကွဲအက်သွားခဲ့ပြီဖြစ်ပြီး နာပိုလီအသင်းဟာ သူ့ကို စီးရီးအေလူစာရင်းမှာ ချန်လှပ်ခဲ့သလို ကလပ်ရဲ့အစီအစဉ်မှာ ထည့်သွင်းခြင်းမရှိတော့ပါ။ အဲ့ဒါကြောင့် အိုစီမန်အနေနဲ့ နာပိုလီအသင်းမှာ ဆက်ရှိနေရင်လည်း...

(၄၄)နှစ်ကြာ ဆပ်မိုင်ယာတင်ထားတဲ့ ပွဲအများဆုံး ဘိုင်ယန်ကစားသမားစံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ မူလာ

မနေ့က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်(၂) ဘိုင်ယန်မြူးနစ်(၂-ဝ)ဖရိုင်းဖတ်ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ ဘိုင်ယန်မြူးနစ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားတဲ့ ကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။ မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂန္ထဝင်ဂိုးသမားဆပ်မိုင်ယာရဲ့ပွဲအများဆုံးစံချိန်(၇၀၉ ပွဲ)ကို တစ်ပွဲအသာရပြီး (၇၁၀)ပွဲနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။ ဖရိုင်းဖတ်နဲ့ပွဲမှာ မူလာက ပွဲချိန်(၅၉)မိနစ်မှ...

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမား ကိုးလ်ပါမား

ချယ်လ်ဆီးအသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားကိုးလ်ပါမားဟာ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ၂၀၂၃ နွေရာသီမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၃ စက်တင်ဘာလကစပြီး ချယ်လ်ဆီးအသင်းမှာ စတင်ကစားခဲ့ပါတယ်။ ကိုးလ်ပါမားဟာ ချယ်လ်ဆီးအသင်းကို သူစတင်ရောက်ရှိလာချိန်ကစပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု(၁၅)ကြိမ်ပြုလုပ်ထားပါတယ်။ အဲဒီအချိန်ကစပြီး အခုအချိန်အထိ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာ ကိုးလ်ပါမားထက်...