Day: September 11, 2024

ပါရာဂွေးကို အရေးနိမ့်ပြီးနောက် ဘရာဇီးလ်ပရိသတ်တွေကို ဗင်နီစီယပ်စ် တောင်းပန်

ဒီမနက်က ပါရာဂွေး(၁-ဝ)ဘရာဇီးလ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်က ဘရာဇီးလ်အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ခြေစစ်ပွဲ(၈)ပွဲကစားအပြီးမှာ (၁၀)မှတ်သာရယူထားနိုင်ကာ အာဂျင်တီးနား၊ကိုလံဘီယာ၊ဥရုဂွေး၊အီကွေဒေါအသင်းတို့ရဲ့အနောက်အဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အဆင့်(၆)နေရာက ဗင်နီဇွဲလားအသင်းနဲ့ ရမှတ်တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ...

ကလပ်အသင်းမှာရော၊ လက်ရွေးစင်မှာပါ ၂၀၂၄ အတွင်း ပွဲတိုင်းဂိုးသွင်းထားတဲ့ စီရော်နယ်ဒို

ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒီရာသီမှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ပွဲတိုင်းမှာ ဂိုးသွင်းထားပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီ ကလပ်အသင်းဖြစ်တဲ့ အယ်လ်နာဆာအသင်းမှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်(၂)ပွဲကစားထားပြီး ပွဲစဉ်(၁) အယ်လ်နာဆာ(၁-၁) အယ်လ်အာရက်ဒ်ပွဲမှာ တစ်ဂိုး၊ ပွဲစဉ်(၂) အယ်လ်ဖေဟာ(၁-၄)အယ်လ်နာဆာပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။ ဒါ့အပြင်သြဂုတ်လအတွင်းကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်...

အမေရိကန် လက်ရွေးစင်အသင်းနည်းပြအဖြစ် ပိုချက်တီနို ခန့်အပ်ခံရ

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရကြောင်းသိရပါတယ်။ ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့လတွေကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အခုမှ တရားဝင်အတည်ပြုနိုင်ခဲ့တာပါ။ ပိုချက်တီနိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုကနေထွက်ခွာခဲ့ရတာကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဘာဟယ်တာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး အမေရိကန်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။...

နယ်သာလန်-ဂျာမနီပွဲမှာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ဒီလစ် လူစားလဲခံရ

မနေ့က နယ်သာလန်(၂-၂)ဂျာမနီ UEFA Nations League ပွဲစဉ်မှာ နယ်သာလန်နောက်ခံလူ ဒီလစ်ဟာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး ပရိသတ်တွေက သူ့ရဲ့စွမ်းဆောင်ရည်အပေါ် သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ မန်ယူနိုက်တက်အသင်းနောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ ဘော့စနီးယာအသင်းနဲ့ပွဲမှာ...

နွေရာသီအပြောင်းအရွှေ့ကာလက ဒူရမ်အတွက် ကမ်းလှမ်းမှု(၄၀)ခန့်ကို အက်စတွန်ဗီလာ ပယ်ချ

အက်စတွန်ဗီလာအသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ကိုလံဘီယာတိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူဖို့ ကလပ်အသင်းအများအပြားက ပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှု(၄၀)ခန့်ကို ပယ်ချခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။ အက်စတွန်ဗီလာအသင်းဟာ အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ ဒူရမ်ကို ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာနိုင်တယ်လို့ ယုံကြည်မှုရှိနေတာကြောင့် ကလပ်မှာဆက်ပြီးထိန်းသိမ်းထားခဲ့တာပါ။...

၂၀၂၄ ခုနှစ်မှာ ဂိုးဖန်တီးမှုမာစတာ ဒီဘရိုင်းနားထက် ပိုသာတဲ့ စွမ်းဆောင်ရည်နဲ့ လာမင်းယာမားလ်

ဘောလုံးလောကရဲ့ ဂိုးဖန်တီးမှု မာစတာတွေထဲမှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားက ထိပ်ပိုင်းက ပါဝင်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး(All Time)ကစားသမားစာရင်းမှာ ဒီဘရိုင်းနားက ရိုင်ယန်ဂစ်(၁၆၃ ကြိမ်)နောက် ဒုတိယနေရာမှာ (၁၁၃)ကြိမ်နဲ့ ရပ်တည်နေတာပါ။ ဒီလို ဂိုးဖန်တီးမှုမာစတာအဖြစ် နာမည်ကြီးတဲ့ကစားသမားကို...

Ballon d’Or ဆုအတွက် ရေပန်းစားမှု အပြတ်အသတ်အသာရနေတဲ့ ဗင်နီစီယပ်စ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဗင်နီစီယပ်စ်ဟာ အခုနှစ် Ballon d'Or ဆုအတွက် အလေးပေးချက်တွေအရ ဒီဆုကို ရနိုင်ခြေမှာ ကျန်ကစားသမားတွေကို အပြတ်အသတ်အသာရနေပါတယ်။ ဘွတ်ကီဒိုင်တွေက အလေးပေးချက်တွေမှာ ဗင်နီစီယပ်စ်နဲ့ ကျန်ကစားသမားတွေအကြား အလေးပေးချက်ကို များစွာကွာဟထားကြတာပါ။ ဒါကြောင့် ဒီဆုအတွက် သူနဲ့အတူ...