မိသားစုမိတ်ဆွေတစ်ဦး သေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့်ပွဲကို ဟာလန်း လွဲချော်ဖွယ်ရှိ
နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ရင်းနှီးတဲ့မိသားစုမိတ်ဆွေတစ်ဦးသေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဟာလန်းသာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲကို မပါဝင်ချင်ဘူးဆိုရင် မန်စီးတီးအသင်းက သူ့ကို မပါဝင်ဖို့ခွင့်ပြုထားတယ်လို့သိရတာပါ။ အိုင်ဗာအက်ဂ်ဂျီယာဆိုသူ သေဆုံးပြီးနောက် ဟာလန်းဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖွယ်ရှိ၊မရှိနဲ့ ပတ်သက်ပြီး အတည်ပြုခြင်းမရှိသေးတာဖြစ်ပါတယ်။ ဟာလန်းဟာ ကြာသပတေးနေ့က...