Day: September 17, 2024

တံကောက်ကြော ဒဏ်ရာမသက်သာသေးလို့ ရီးစ်ဂျိမ်းစ် ပြန်ကစားနိုင်ဖွယ် မရှိသေး

အင်္ဂလန်ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့တံကောက်ကြောဒဏ်ရာဟာ ပြန်ကောင်းလာဖို့မျှော်လင့်ထားတာထက် ပိုပြီးရှည်ကြာနိုင်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့နှောင့်နှေးဖွယ်ရှိနေပါတယ်။ ရီးစ်ဂျိမ်းစ်ရဲ့ဒဏ်ရာအခြေအနေတိုးတက်မှုဟာ နှေးကွေးနေတာကြောင့် သူ့ရဲ့တံကောက်ကြောဒဏ်ရာက မျှော်လင့်ထားသလို မသက်သာဘူးလို့ ချယ်လ်ဆီးအသင်းဆရာဝန်တွေက ယုံကြည်နေကြတာပါ။ ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာက တံကောက်ကြောခွဲစိတ်မှုကြောင့် ကာလရှည်ကြာအနားယူခဲ့ရပြီး နွေရာသီမှာ...

ဂန္ထဝင်ဂယ်ရီရှောအတွက် ချန်ပီယံလိဂ်အဖွင့်ပွဲမှာ အနိုင်ရလဒ်ယူပေးဖို့ အူနှိုင်းအမ်မရီ အလိုရှိ

ဒီနေ့ကစားမယ့် ယန်းဘွိုင်းစ်-အက်စတွန်ဗီလာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင် ကွယ်လွန်သွားခဲ့တဲ့ ဂန္ထဝင်ဂယ်ရီရှောအတွက် အက်စတွန်ဗီလာအသင်းဟာ ဒီပွဲမှာအနိုင်ရလဒ်ရယူပေးနိုင်ဖို့ နည်းပြအူနှိုင်းအမ်မရီက အလိုရှိနေပါတယ်။ အက်စတွန်ဗီလာအသင်းအတွက် ၁၉၈၂ ဥရောပဖလားရယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဂယ်ရီရှောဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူ့အသက်က(၆၃)နှစ်ရှိပြီဖြစ်တာပါ။ ယန်းဘွိုင်းစ်အသင်းနဲ့ပွဲစဉ်ဟာ အက်စတွန်ဗီလာအသင်းအတွက်...

ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်ကို အဖွင့်ပွဲမတိုင်ခင် လီဗာပူးလ် ဂိုးသမား အယ်လီဆန် ဝေဖန်

ဒီနေ့ကစားမယ့် အေစီမီလန်-လီဗာပူးလ် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်က ဒီပြိုင်ပွဲရဲ့ပုံစံသစ်ကို ဝေဖန်ခဲ့ပါတယ်။ ဒီရာသီအတွက် ဘောလုံးပြက္ခဒိန်မှာ ပွဲစဉ်ဇယားတွေပိုပြီးများပြားလာတာကြောင့် အယ်လီဆန်က ပင်ပန်းနွမ်းနယ်နေတဲ့ ကစားသမားတွေရဲ့အမြင်က ပွဲစီစဉ်သူတွေအတွက် အရေးမကြီးဘူးလို့ ဆိုခဲ့တာပါ။ ပုံစံသစ်နဲ့ ပြောင်းလဲကျင်းပမယ့် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတိုင်းဟာ...

နောက်ခံလူ နူနိုမန်ဒက်စ်ကို လူမျိုးရေးခွဲခြားစော်ကားမှုအပေါ် ရှုတ်ချကြောင်း PSG ထုတ်ပြန်

PSG အသင်းဟာ ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ကို ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားစော်ကားမှုအပေါ် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နူနိုမန်ဒက်စ်ဟာ PSG အသင်းက ဘရက်စ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီးမှာ ရိုင်းစိုင်းပြီး လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေပေးခံခဲ့ရတဲ့ ပစ်မှတ်ဖြစ်ခဲ့တာပါ။ နူနိုမန်ဒက်စ်ဟာ...

အော်လ်မို (၄)ပတ်ကနေ (၅)ပတ်ကြာအထိ အနားယူရမယ်လို့ ဘာစီလိုနာ အတည်ပြု

စပိန်ကြယ်ပွင့် အော်လ်မိုဟာ ဒဏ်ရာကြောင့်(၄)ပတ်ကနေ (၅)ပတ်ကြာအထိ အနားယူရမယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။ အော်လ်မိုဟာ ဘာစီလိုနာအသင်းက ဂျီရိုနာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေအရ ညာဘက်ပေါင်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက လိုက်ပ်ဇစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့...

ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို လှောင်ပြောင်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေတဲ့ ဘန်တာကာ

စပါးအသင်းရဲ့ဥရုဂွေးကွင်းလယ်လူ ဘန်တာကာဟာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို လှောင်ပြောင်ခဲ့တဲ့စကားကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေပါတယ်။ TV အင်တာဗျူးတစ်ခုမှာ ဘန်တာကာက ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေက ရုပ်ချင်းခွဲမရအောင် တူလို့ မိမိအနေနဲ့ မခွဲခြားနိုင်ဘူးလို့ ဟာသလုပ်ပြောဆိုခဲ့တာပါ။ ဘန်တာကာက ပေါ့ပေါ့ပါးပါး ဟာသလုပ်ပြောခဲ့တာဖြစ်ပေမယ့်...

ယူရို(၂၀၂၈)ပြိုင်ပွဲအိမ်ရှင်ကျင်းပခွင့်နဲ့ ဝင်ပြိုင်ခွင့်ဆုံးရှုံးရနိုင်တယ်လို့ အင်္ဂလန်ကို UEFA သတိပေး

အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ အိုင်ယာလန်၊ မြောက်အိုင်ယာလန်အစရှိတဲ့ ဗြိတိန်ကျွန်းစုနိုင်ငံတွေမှာကျင်းပဖို့ စီစဉ်ထားတဲ့ ယူရို-၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ်ကျင်းပခွင့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးရနိုင်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က သတိပေးလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက အင်္ဂလန်ဘောလုံးလောကကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာကြောင့် အားကစားကို...