Day: September 2, 2024

မန်စီးတီးက ထွက်ခွာဖို့ အခြားကလပ်တွေနဲ့မိမိ မဆွေးနွေးခဲ့ဘူးလို့ ဒီဘရိုင်းနား ဆို

ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားက သူဟာ ဒီနွေရာသီမှာ မန်စီးတီးအသင်းကထွက်ခွာဖို့ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ BBC Radio Manchester ကို ပြောခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဆော်ဒီထံပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရရှိခဲ့ပြီးနောက် မန်စီးတီးအသင်းက ထွက်ခွာဖွယ်ရှိတဲ့အကြောင်း သူ့ရဲ့မိသားစုကို ပြောဆိုမှုတွေရှိခဲ့တာပါ။...

မန်ယူနိုက်တက်နဲ့ပွဲက မိမိရဲ့လီဗာပူးလ်ကစားသမားဘ၀ နောက်ဆုံးအိုးထရက်ဖိုဒ့်ပွဲ ဖြစ်နိုင်တယ်လို့ ဆာလာ ဝန်ခံ

မနေ့က မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲအပြီးမှာ အီဂျစ်တိုက်စစ်မှူး ဆာလာက ဒီပွဲဟာ သူ့ရဲ့လီဗာပူးလ်ကစားသမားဘ၀ နောက်ဆုံးအိုးထရက်ဖိုဒ့်ကို လာရောက်တဲ့ပွဲဖြစ်နိုင်တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဆာလာဟာ ဒီပွဲမှာ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့သွင်းဂိုး(၂)ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း (၁)ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဆာလာအတွက်တော့ မန်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့...

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘဲဥမကွဲခဲ့တဲ့ တစ်သင်းတည်းသောအသင်း

ဒီတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ ပြိုင်ပွဲဝင် ပရီးမီးယားလိဂ်အသင်း(၂၀)သင်းအနက် (၁၉)သင်းက ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အသင်းအားလုံးနီးပါးဂိုးသွင်းနိုင်ချိန်မှာ ဂိုးပေါက်ပျောက်ပြီး ဘဲဥမကွဲခဲ့တဲ့ တစ်သင်းတည်းသောအသင်းက မန်ယူနိုက်တက်အသင်းဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ကစားရပေမယ့် ပြိုင်ဘက်လီဗာပူးလ်ကို တစ်ဂိုးမှ မသွင်းနိုင်ဘဲ (၃)ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။ ဒီတစ်ပတ်မှာ တန်းတက်အသင်း(၃)သင်းဖြစ်တဲ့...

လူစားလဲခံရအပြီးမှာ အိုးထရက်ဖိုဒ့်ကနေ ကတ်စီမီရို ထွက်သွားတယ်ဆိုတာ တန်ဟတ် ငြင်းဆန်

မနေ့က မန်ယူနိုက်တက် (ဝ-၃)လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုဟာ သူ့ကိုလူစားလဲခဲ့တဲ့ ပထမပိုင်းအပြီးမှာ အိုးထရက်ဖိုဒ့်ကွင်းထဲကနေ ထွက်ခွာသွားတယ်ဆိုတဲ့အပေါ် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ငြင်းဆန်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းသွင်းယူခဲ့တဲ့ ပထမ(၂)ဂိုးမှာ ကြီးမားတဲ့ အမှားအယွင်းပြုလုပ်ခဲ့တဲ့ ကက်စီမီရိုဟာ...

မန်ယူနိုက်တက်(၀-၃)လီဗာပူးလ်ပွဲ Highlight Video

■ Video - ပရီးမီးယားလိဂ်ပွဲစဥ်(၃) မန်ယူနိုက်တက်(၀-၃)လီဗာပူးလ်ပွဲမှာ VAR က ဆာလာလူကျွံတယ်ဆိုပြီးသတ်မှတ်လို့ ငြင်းဆန်ခံခဲ့ရတဲ့ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ရဲ့ဂိုး၊ ပွဲချိန်(၃၅)မိနစ်နဲ့ (၄၂)မိနစ်မှာ လီဗာပူးလ်အသင်းအတွက် ဒီယက်ဇ် သွင်းယူခဲ့တဲ့ဂိုး (၂)ဂိုးနဲ့ ပွဲချိန်(၅၆)မိနစ်မှာဆာလာသွင်းယူခဲ့တဲ့ဂိုး

အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်ကို အနိုင်ရပြီးနောက် စံချိန်မှတ်တမ်းတွေရရှိခဲ့တဲ့ အာနီဆလော့ပ်နဲ့ ဆာလာ

မန်ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (ဝ-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ပ်နဲ့ အီဂျစ်တိုက်စစ်မှူးဆာလာတို့ဟာ ပရီးမီးယားလိဂ်ရဲ့စံချိန်မှတ်တမ်း​ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အာနီဆလော့ပ်ဟာ သူ့ရဲ့လီဗာပူးလ်အသင်းနည်းပြဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲ(၃)ပွဲကို ဆက်တိုက်အနိုင်ရခဲ့တဲ့အပြင် ဒီ(၃)ပွဲစလုံး ဂိုးမပေးရဘဲ Clean Sheet တွေ ရယူနိုင်ခဲ့ပါတယ်။ ဒီလို မှတ်တမ်းမျိုးကို...