Day: September 10, 2024

အလုပ်မဖြစ်တဲ့ တောင်းဆိုမှုတွေကြောင့် မာရှယ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ဖလာမင်ဂို ငြင်းဆို

ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ကို ခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့အလုပ်မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကြောင့် ခေါ်ယူနိုင်မယ့်အခွင့်အရေးကို ငြင်းဆန်ခဲ့ပါတယ်။ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ အသင်းလက်မဲ့အဖြစ်ရှိနေတာပါ။ ဖလာမင်ဂိုအသင်းဟာ တိုက်စစ်မှူး...

ဘယ်လ်ဂျီယံကနေ မိမိထွက်ခွာချင်တယ်လို့ ဒီဘရိုင်းနားဆိုခဲ့ပြီး အသင်းဖော်တွေကို အပြစ်တင်

မနေ့က ပြင်သစ်(၂-ဝ)ဘယ်လ်ဂျီယံ UEFA Natios League ပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက သူဟာ ဘယ်လ်ဂျီယံအသင်းကနေ နုတ်ထွက်ပြီလို့ နည်းစနစ်ဒါရိုက်တာကို ပြောခဲ့သလို မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ အသင်းဖော်တွေကို သူတို့အလုပ်မလုပ်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားဟာ...

ရွံရှာဖွယ်ရာ လုပ်ရပ်တွေထပ်ပြီး ထွက်ပေါ်လာတဲ့ ဂျာမိန်ဂျီးနပ်စ်

BBC ရဲ့ရုပ်သံအစီအစဉ်တင်ဆက်သူရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျာမိန်းဂျီးနပ်စ်ရဲ့ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရဖူးတဲ့ အမျိုးသမီးတစ်ဦးက ဖော်ထုတ်ပြောဆိုလိုက်ပါတယ်။ BBC ရဲ့ Match Of The Day နဲ့ The One Show အစီအစဉ်တွေမှာ...

အော်ဒီဂါ ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး ကြီးမားတဲ့ ဒဏ်ရာထိုးနှက်ချက်နဲ့ အာဆင်နယ် ရင်ဆိုင်နေရ

နော်ဝေအသင်းအတွက် ပါဝင်ကစားရင်း အသင်းခေါင်းဆောင် အော်ဒီဂါခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် ကြီးမားတဲ့ဒဏ်ရာထိုးနှက်ချက်နဲ့ ရင်ဆိုင်နေရပါတယ်။ အော်ဒီဂါဟာ နော်ဝေအသင်းက သြစတြီးယားအသင်းကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကထွက်ခွာချိန်မှာ ငိုကြွေးနေခဲ့တာပါ။ အော်ဒီဂါဟာ ဒဏ်ရာကြောင့်...

အဲဗာတန်ကို ဂျွန်တက်စ်တာ ဝယ်ယူမှုပြီးမြောက်ရင် နည်းပြရာထူးက ရှောင်ဒိုက် ထုတ်ပယ်ခံရဖွယ်ရှိ

အဲဗာတန်အသင်းကို အမေရိကန်စီးပွားရေးသမား ဂျွန်တက်စ်တာ ဝယ်ယူမှုပြီးမြောက်ခဲ့ရင် လက်ရှိနည်းပြဖြစ်တဲ့ ရှောင်ဒိုက်ဟာ ရာထူးက ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဂျွန်တက်စ်တာဟာ ပြီးခဲ့တဲ့ရာသီက ပါလ်မီးရက်စ်အသင်းကို ဘရာဇီးလ်လိဂ်ဖလားရယူပေးနိုင်ခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ အာဘဲလ်ဖာရဲရားကို နည်းပြသစ်အဖြစ်ခန့်အပ်ချင်နေတာပါ။ ဂျွန်တက်စ်တာဟာ အာဘဲလ်ဖာရဲရားရဲ့နည်းစနစ်တွေကို ကိုယ်တိုင်ကြည့်ရှုခဲ့ပြီးနောက်...

ယူရိုချန်ပီယံဆု ရယူပေးခဲ့ပေးမယ့် ကလေးကကလေးလိုနေခဲ့ရတဲ့ လာမင်းယာမားလ်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းချန်ပီယံဖြစ်အောင် အဓိကနေရာက ခြေစွမ်းပြကစားခဲ့ပေမယ့် စပိန်လူငယ်ကစားသမား လာမင်းယာမားလ်အနေနဲ့ နည်းပြဖြစ်သူရဲ့မျက်နှာသာပေးခြင်းကို မခံရဘဲ သူ့အသက်အရွယ်နဲ့ လျော်ညီတဲ့နေထိုင်မှုအတိုင်းသာ နေခဲ့ရကြောင်း သိရပါတယ်။ ယူရိုပြိုင်ပွဲစတင်ချိန်က ယာမားလ်ရဲ့အသက်က (၁၆)နှစ်ကျော်သာဖြစ်ပြီး ပြိုင်ပွဲကာလအတွင်း ဗိုလ်လုပွဲမတိုင်မီ တစ်ရက်ကမှ အသက်(၁၇)နှစ်ပြည့်ခဲ့တာပါ။...

ကလပ်အသင်းနဲ့ နိုင်ငံ့အသင်းကြား စွမ်းဆောင်ရည် ဆန့်ကျင်ဘက် ကွာခြားနေတဲ့ ဟာလန်း

ကလပ်အသင်းမှာ အောင်မြင်ကျော်ကြားပေမယ့် နိုင်ငံ့လက်ရွေးစင်အသင်းမှာ အောင်မြင်မှုမရတဲ့ ကစားသမားတွေများစွာရှိပါတယ်။ ဂျော့စ်ဘတ်စ်၊ ရိုင်ယန်ဂစ်၊ ဂါရတ်ဘေးလ်၊ အီဘရာဟီမိုဗစ်၊ ရှက်ဗ်ချင်ကို အစရှိတဲ့ ကစားသမားတွေပါ။ ဒီကစားသမားတွေအနေနဲ့ သူတို့ရဲ့တစ်ဦးချင်းခြေစွမ်းကြောင့် နာမည်ကျော်ကလပ်အသင်းတွေမှာ ကစားခွင့်ရကြပြီး အောင်မြင်မှုတွေရခဲ့ကြပေမယ့် လက်ရွေးစင်အသင်းတွေမှာတော့ သူတို့ကို ဝန်းရံကစားတဲ့ကစားသမားတွေ၊...

နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာတောင် ကြံကြံဖန်ဖန် ရှုံးပွဲရှာဖွေနိုင်ခဲ့တဲ့ တန်ဟတ်

မန်ယူနိုက်တက်အသင်းအနေနဲ့ နိုင်ငံတကာရက်သတ္တပတ်အတွင်း ရှုံးပွဲမဆက်အောင် ရှောင်လွှဲနိုင်ခဲ့ပြီလို့ ပရိသတ်တွေ တွေးခဲ့မယ်ဆိုရင် အပြည့်အဝရာနှုန်းပြည့်မှန်ကန်တယ်လို့ မဆိုနိုင်သေးပါဘူး။ မန်ယူနိုက်တက်အသင်းက ဒီတစ်ပတ်မှာ ပွဲမကစားရလို့ ရှုံးပွဲမရှိပေမယ့် သူတို့အသင်းရဲ့နည်းပြအဲရစ်တန်ဟတ်က နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာတောင် ကြံကြံဖန်ဖန်ရှုံးပွဲရှာဖွေနိုင်ခဲ့လို့ပါပဲ။ နယ်သာလန်နိုင်ငံမှာ တန်ဟတ်ရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ အူထရက်ချ်အသင်းက အမှတ်တရပွဲတစ်ပွဲကစားခဲ့ပါတယ်။ အသင်းရဲ့ကစားသမားဟောင်း...