၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့တဲ့ ဂွါဒီယိုလာ

0

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို အားလုံးမျှော်လင့်ထားတဲ့အတိုင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၆-၁၇ ရာသီမှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂွါဒီယိုလာအနေနဲ့ ဒီဆုကို နောက်ဆုံး(၇)ရာသီအတွင်း (၅)ကြိမ်မြောက်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ဆုဖလားနှင့်အတူ တွေ့ရသည့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ

ဂွါဒီယိုလာက ဒီဆုကို ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၂၀-၂၁၊ ၂၀၂၂-၂၃၊ ၂၀၂၃-၂၄ ရာသီတွေမှာ ဆွတ်ခူးခဲ့တာပါ။

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုအတွက် ပမာဏစာရင်းမှာ ဂွါဒီယိုလာနဲ့အတူ အာတီတာ(အာဆင်နယ်)၊ ယာဂန်ကလော့ပ်(လီဗာပူးလ်)၊ အူနိုင်းအမ်မရီ(ဗီလာ)၊ အီရာအိုလာ(ဘုန်းမောက်)အစရှိသူတို့ ပါဝင်ခဲ့ကြပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ရာသီဆက်တိုက်ရယူနိုင်တဲ့ ဂွါဒီယိုလာက အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို မန်ယူနိုက်တက်အသင်းနည်းပြဟောင်းအဲလက်စ်ဖာဂူဆန်က အများဆုံးအဖြစ် (၁၁)ကြိမ်တိုင်ရယူထားပြီး ဂွါဒီယိုလာက ဒုတိယအများဆုံးနည်းပြအဖြစ် (၅)ကြိမ်ရယူထားတာပါ။ နောက်မှာ အာဆင်ဝင်းဂါး၊ မော်ရင်ဟိုအစရှိတဲ့နည်းပြတွေက (၃)ကြိမ်စီ၊ ယာဂန်ကလော့ပ်က (၂)ကြိမ်ရယူထားပါတယ်။

ဂွါဒီယိုလာအနေနဲ့ လိဂ်မန်နေဂျာများအဖွဲ့ချုပ်က ချီးမြှင့်မယ့် အကောင်းဆုံးနည်းပြဆုအတွက်လည်း ရေပန်းစားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *