တန်ဟတ်ကို ရာထူးကထုတ်ပယ်ပြီး ပိုချက်တီနိုကို ခန့်အပ်ဖို့ မန်ယူနိုက်တက်ပရိသတ်တွေ တောင်းဆို

0

မန်ယူနိုက်တက်ပရိသတ်တွေဟာ နည်းပြဖြစ်သူ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကို တောင်းဆိုခဲ့ကြပါတယ်။

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို တစ်ရာသီကြာကိုင်တွယ်အပြီးမှာ မနေ့က အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့တာပါ။

ချယ်လ်ဆီးအသင်းကနေ ပိုချက်တီနို ထွက်ခွာပြီးမကြာခင်မှာပဲ မန်ယူနိုက်တက်ပရိသတ်တွေက သူ့ကိုမန်ယူနိုက်တက်နည်းပြအဖြစ်ခန့်အပ်ဖို့ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကို ဆိုရှယ်မီဒီယာကနေ တောင်းဆိုခဲ့ကြတာပါ။

ပရိသတ်တစ်ဦးက “မန်ယူနိုက်တက်အနေနဲ့ သူတို့အတွက် ဘာတွေကောင်းလဲသိချင်ရင် ပိုချက်တီနိုကို နည်းပြအဖြစ်ခန့်အပ်ကြည့်သင့်တယ်”လို့ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက “အသင်းအနေနဲ့ အခုပဲ တန်ဟတ်ကိုထုတ်ပယ်ပြီး ပိုချက်တီနိုကို ခန့်အပ်သင့်တယ်”လို့ ရေးသားခဲ့ပါတယ်။

ပိုချက်တီနိုဟာ မန်ယူနိုက်တက်အသင်းကို နည်းပြ အဲရစ်တန်ဟတ်မကိုင်တွယ်ခင်ကတည်းက မန်ယူနိုက်တက်နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေအကြိမ်ကြိမ်ထွက်ပေါ်ခဲ့သူပါ။ ဒါပေမယ့် ပိုချက်တီနိုဟာ PSG နဲ့ ချယ်လ်ဆီးအသင်းတွေမှာသာ နည်းပြအဖြစ်တာဝန်ယူခဲ့တာပါ။

မန်ယူနိုက်တက်အသင်းရဲ့ဒီရာသီရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ ဖိအားဒဏ်တွေကို ခံစားနေရပြီး အသင်းကနေထွက်ဖို့လည်း ပရိသတ်တချို့ဆီက ဖိအားတွေရှိနေတာပါ။

မန်ယူနိုက်တက်အသင်းဟာ မေ(၂၅)ရက်မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ FA ဖလားဗိုလ်လုပွဲအပြီးမှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့အနာဂတ်ကို ဆုံးဖြတ်မှာဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့ရင် သူ့ရဲ့နည်းပြရာထူးမှာ ဆက်ရှိနိုင်ပေမယ့် အရေးနိမ့်ခဲ့ရင်တော့ ရာထူးက ထုတ်ပယ်ခံရဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *