Day: September 19, 2024

၁၉.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ချယ်လ်ဆီးအသင်းဟာ ယူကရိန်းတောင်ပံကစားသမား မူဒရစ်ကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ မူဒရစ်ကို ပြင်သစ်ကလပ် မာဆေးလ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ■ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့...

အော်တီဂါရဲ့ဒဏ်ရာ ထင်ထားတာထက် ပိုပြင်းထန်တယ်လို့ အာတီတာ အတည်ပြု

အာဆင်နယ်အသင်းနည်းပြ အာတီတာက နော်ဝေအသင်းအတွက် Nations League ပြိုင်ပွဲမှာ ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် အော်ဒီဂါရဲ့ခြေချင်းဝတ်ဒဏ်ရာဟာ ပြင်းထန်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်အတည်ပြုခဲ့ပါတယ်။ အသင်းခေါင်းဆောင် အော်ဒီဂါဟာ ဒဏ်ရာကြောင့် ပြီးခဲတဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့သလို...

မာရှယ်ရဲ့အပြောင်းအရွှေ့ကို ဂရိကလပ် AEK အေသင် အသင်း အတည်ပြု ကြေညာ

ဂရိကလပ် AEK အေသင်အသင်းဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အပြောင်းအရွှေ့ကို ကြေညာခဲ့ပါတယ်။ AEK အေသင်အသင်းက မာရှယ်ဟာ ဒီနေ့ညမှာ အေသင်လေဆိပ်ကိုရောက်ရှိလာမှာဖြစ်ပြီး ရောက်ရှိလာချိန်မှာ ပရိသတ်တွေက သူ့ကိုကြိုဆိုမှုတွေပြုလုပ်ဖို့မျှော်လင့်ထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။ မာရှယ်ဟာ...

မန်စီးတီးနဲ့ပွဲမှာ ဂိုးရနိုင်မယ့်အခွင့်အရေးကို မကန်သွင်းခဲ့တဲ့ ဒါမီယန်ကို အင်ဇာဂီ ဒေါသထွက်

မနေ့က မန်စီးတီး(၀-၀)အင်တာမီလန် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးရနိုင်မယ့်အခွင့်အရေးကို မကန်သွင်းခဲ့တဲ့ မန်ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ဒါမီယန်ကို အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက ဒေါသထွက်ခဲ့ပါတယ်။ အီတလီချန်ပီယံ အင်တာမီလန်အသင်းဟာ ၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲမကျေပွဲအဖြစ် ပြန်တွေ့တဲ့ ဒီပွဲမှာ မန်စီးတီးအသင်းကို အကောင်း‌ဆုံးတုံ့ပြန်ခဲ့ပြီး သရေရလဒ်ရယူနိုင်ခဲ့တာပါ။ အင်တာမီလန်အသင်းဟာ...

ဒီရော့စီကို နည်းပြရာထူးကနေ ရိုးမား ထုတ်ပယ်ခဲ့ပြီး အစားထိုးဖို့ နည်းပြ(၃)ဦးကို ဆက်သွယ်

စီးရီးအေကလပ် ရိုးမားအသင်းဟာ ဒီရာသီအစရလဒ်ဆိုးတွေကြောင့် ကွင်းလယ်လူဟောင်း ဒီရော့စီကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ရိုးမားအသင်းဟာ ရာသီအစ စီးရီးအေပွဲစဉ်(၄)ပွဲကစားအပြီးမှာ နိုင်ပွဲမရသေးဘဲ (၃)ပွဲသရေ၊(၁)ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာပါ။ ဒီရော့စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ထုတ်ပယ်ခံရတဲ့ နည်းပြဟောင်း...