Day: September 18, 2024

လျှပ်စစ်စကူတာ စီးနေတဲ့ပို့စ်ကြောင့် ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှု လင်ဂတ်ခံနေရကြောင်း သတင်းထွက်

မန်ယူနိုက်တက်အသင်းကြယ်ပွင့်ဟောင်း လင်ဂတ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ပို့စ်ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုခံနေရတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ လင်ဂတ်ဟာ အသင်းလက်မဲ့အဖြစ်လပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် ဖေဖော်ဝါရီက တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ လင်ဂတ်ဟာ FC ဆိုးလ်အသင်းကစားသမားဘဝအစမှာ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာကြောင့်...

ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ ပရိသတ်အတွက် ဝမ်းနည်းကြောင်း လီဗာပူးလ် ထုတ်ပြန်

မနေ့က အေစီမီလန်(၁-၃)လီဗာပူးလ် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ ယာဉ်မတော်တဆမှုကြောင့် အမာခံပရိသတ်ဖြစ်သူ ဖီးလစ်ဒူလေးသေဆုံးသွားခဲ့ပြီးနောက် ဝမ်းနည်းကြေကွဲကြောင်း လီဗာပူးလ်အသင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အသက်(၅၁)နှစ်အရွယ်ရှိ လီဗာပူးလ်အသင်းပရိသတ်ဟာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို ကြည့်ဖို့ အီတလီနိုင်ငံကို ရောက်ရှိလာချိန်မှာ ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဖီးလစ်ဒူလေးဆိုသူ လီဗာပူးလ်အသင်းအမာခံပရိသတ်ဟာ...

မန်ယူနိုက်တက်-ဘန်စလေပွဲမှာ လှပတဲ့ဂိုးသွင်းယူခဲ့ပြီးနောက် ရပ်ရှ်ဖိုဒ့်ပြန်လာပြီလို့ ပရိသတ်တွေဆို

မနေ့က မန်ယူနိုက်တက်(၇-ဝ)ဘန်စလေ ကာရာဘောင်းလိဂ်ဖလား တတိယအဆင့်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရရှိခဲ့တဲ့ အဖွင့်ဂိုးကို ပြိုင်ဘက်နောက်ခံလူတွေကို ကျော်ဖြတ်ကာ လှပတဲ့ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ပြန်လာပြီလို့ ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ခြေစွမ်းပိုင်းကျဆင်းလာမှုတွေကြောင့် ဝေဖန်မှုတွေအများအပြားခံခဲ့ရပေမယ့် မန်ယူနိုက်တက်အသင်းအတွက် (၂)ပွဲဆက်တိုက်ဂိုးသွင်းကာ သူ့ရဲ့အကောင်းဆုံးပုံစံကို...