မေလ ၂၄ ရက်နေ့ သတင်းအတိုအထွာစုစည်းမှုများ

0

■ ဝက်စ်ဟမ်းအသင်းဟာ စပိန်လူမျိုးနည်းပြ လိုပက်တယ်ဂီကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။ ဒေးဗစ်မွိုက်စ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာမယ့် လိုပက်တယ်ဂီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်က ဝုလ်ဗ်စ်အသင်းကနေ ထွက်ခွာပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

■ စပါးအသင်းဟာ ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆိုလန်ကီကို ခေါ်ယူချင်တာကြောင့် ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ရောင်းချသွားဖို့ ဆန္ဒရှိနေပါတယ်။ ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန်ဟာ PSG နဲ့ ဆော်ဒီကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ချင်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ စီစဉ်နေပြီး အိုစီမန်ဟာ သူတို့ရဲ့အဓိကပစ်မှတ်အဖြစ်ရှိနေပါတယ်။

■ အင်္ဂလန်အသင်းဂိုးသမား ပစ်ဖိုဒ့်ဟာ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရပေမယ့် အဲဗာတန်အသင်းမှာပဲ ဆက်ရှိချင်နေပါတယ်။ ၂၀၁၇ ကတည်းက အဲဗာတန်အသင်းမှာရှိနေခဲ့တဲ့ ပစ်ဖိုဒ့်ရဲ့စာချုပ်ဟာ ၂၀၂၇ အထိကျန်ရှိနေပါတယ်။

အဒါရာဘီယိုရို(ဝဲ) နှင့် ကယ်လီ(ယာ)

■ နယူးကာဆယ်အသင်းဟာ အင်္ဂလန်နောက်ခံလူတွေဖြစ်တဲ့ ဘုန်းမောက်အသင်းက ကယ်လီနဲ့ ဖူလ်ဟမ်အသင်းက အဒါရာဘီယိုရိုကို ခေါ်ယူဖို့ နီးစပ်နေပြီလို့သိရပါတယ်။ နယူးကာဆယ်အသင်းဟာ သူတို့နှစ်ဦးစလုံးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

အစ်ဝစ်ချ်အသင်းနည်းပြ မက်ကန်နာ

■ ချယ်လ်ဆီးအသင်းဟာ အစ်ဝစ်ချ်အသင်းနည်းပြ မက်ကန်နာကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ မက်ကန်နာကလည်း ချယ်လ်ဆီးအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *