ချန်ပီယံရှစ် Play offs ဗိုလ်လုပွဲကို ရုပ်ဖျက်ပြီး လာကြည့်တဲ့ ရမ်စဒေးလ်

0

ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-offs ဗိုလ်လုပွဲ ဆောက်သမ်တန်(၁-ဝ)လိဒ်စ်ယူနိုက်တက်ပွဲမှာ ကွင်းထဲကို ထူးထူးခြားခြားဝတ်စုံဒီဇိုင်းနဲ့ လာရောက်အားပေးတဲ့သူတစ်ဦးကို တွေ့ခဲ့ရပါတယ်။

မုတ်ဆိပ်မွှေးဗရပွနဲ့ ကြီးမားတဲ့ကုတ်အင်္ကျီကြီး ဝတ်ဆင်ထားတဲ့ သူ့ရဲ့ဝတ်စားဆင်ယင်ပုံက ဟယ်ရီပေါ်တာဇာတ်ကားတွေထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Rubeus Hagrid ရဲ့ပုံဖြစ်တယ်ဆိုတာ ဟယ်ရီပေါ်တာ ဇာတ်ကားတွေကြည့်ဖူးတဲ့ပရိသတ်တွေကတော့ သဘောပေါက်ပါတယ်။

အမှန်တော့ သူက အာဆင်နယ်အသင်းရဲ့အင်္ဂလန်ဂိုးသမား အာရွန်ရမ်စဒေးလ်ပါပဲ…

ဝင်ဘလေကွင်းပွဲကြည့်စင်ပေါ်မှာ ပရိသတ်တွေကြားထဲ ရမ်စဒေးလ်ကို ထူးထူးခြားခြားတွေ့မြင်ရတာဖြစ်ပြီး မုတ်ဆိတ်တပ်ဆင်ထားချိန်မှာ ပရိသတ်တွေအနေနဲ့ သူ့ကို မမှတ်မိခဲ့ပေမယ့် မုတ်ဆိတ်ကို ဖြုတ်လိုက်ချိန်မှာတော့ မှတ်မိသွားတဲ့ပရိသတ်တွေက သူ့ကို နှုတ်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။

ပွဲကြည့်စင်ပေါ်မှာ ရမ်စဒေးလ်က သူ့ကို နှုတ်ဆက်ကြတဲ့ပရိသတ်တွေကို ရင်းရင်းနှီးနှီး ရယ်ရယ်မောမောနဲ့ ပြန်နှုတ်ဆက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ရမ်စဒေးလ်ဟာ ဒီပွဲမှာ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ဆောက်သမ်တန်တိုက်စစ်မှူးဒေးဗစ်ဘရွတ်ကို လာရောက်အားပေးဖို့ ဝင်ဘလေကွင်းထဲကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေးဗစ်ဘရွတ်နဲ့ ရမ်စဒေးလ်တို့ဟာ အရင်က ဘုန်းမောက်အသင်းမှာ အတူတွဲကစားခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။

ပွဲမစင် ပွဲကြည့်စင်ရှေ့ဆုံးတန်းမှာ ရှိနေတဲ့ရမ်စဒေးလ်ကို ဒေးဗစ်ဘရွတ်က လာရောက်နှုတ်ဆက်ခဲ့ပြီး နှစ်ဦးသား ဓါတ်ပုံအတူရိုက်ခံခဲ့ကြပါတယ်။

အာဆင်နယ်အသင်းမှာ စပိန်ဂိုးသမားရေယာကြောင့် ပုံမှန်နေရာမရဖြစ်နေတဲ့ ရမ်စဒေးလ်ဟာ ဒီနွေရာသီမှာ အသင်းက ထွက်ခွာဖွယ်ရှိနေပြီး နယူးကာဆယ်၊ ဝုလ်ဗ်အစရှိတဲ့အသင်းတွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *