ပြင်သစ်ဖလားကို(၁၅)ကြိမ်မြောက်ရယူပြီး ပြည်တွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ PSG

0

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်ဖလား(Coupe de France)ဗိုလ်လုပွဲမှာ လိုင်ယွန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုကို (၁၅)ကြိမ်မြောက်အဖြစ်ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဒီရာသီနောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် တိုက်စစ်မှူးဘာပေက ပွဲအစအဆုံး ဝင်ကစားခဲ့ပြီး ဂိုးတွေကိုတော့ ဒမ်ဘီလီ(၂၂ မိနစ်)နဲ့ ဖေဘီယန်ရုဇ်(၃၄ မိနစ်)တို့က သွင်းယူခဲ့ကြပါတယ်။

ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ PSG အသင်းက အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပြီး ဒုတိယနေရာက မာဆေးလ်အသင်းကို ချန်ပီယံဆု(၅)ကြိမ်အထိ အသာရထားပါတယ်။

PSG အသင်းအနေနဲ့ ဒီရာသီမှာ ပြင်သစ်လိဂ်ဖလား၊ ပြင်သစ်ဖလားနဲ့ ပြင်သစ်စူပါဖလား(Trophée des Champions)တွေကို ရယူနိုင်ခဲ့လို့ ပြည်တွင်းဖလား(၃)လုံးရယူနိုင်တဲ့ရာသီအဖြစ် အဆုံးသတ်ခဲ့ပါတယ်။

ပြင်သစ်လိဂ်ဖလားအအောင်မြင်ဆုံးအသင်းများ

PSG (၁၅)ကြိမ်
မာဆေးလ် (၁၀)ကြိမ်
စိန့်အက်တီယန်နာ (၆)ကြိမ်
လိုင်လီ (၆)ကြိမ်
မိုနာကို (၅)ကြိမ်
လိုင်ယွန် (၅)ကြိမ်

Leave a Reply

Your email address will not be published. Required fields are marked *