ဂျာမန်ဖလားကို ဒုတိယအကြိမ် ဆွတ်ခူးပြီး ဖလား(၂)လုံးချန်ပီယံ ဖြစ်ခဲ့တဲ့ လေဗာကူဆင်

0

ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်အသင်းက ဂျာမန်ဖလား(DFB-Pokal)ပြိုင်ပွဲမှာ ကိုင်ဇာစလော့တန်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ကစားပြီး ချန်ပီယံဆုဖလားကို ဒုတိယအကြိမ်မြောက်အဖြစ်ရယူခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဂျာမန်ဖလားပြိုင်ပွဲမှာ အရင်က တစ်ကြိမ်သာဗိုလ်စွဲခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်က ချန်ပီယံဆုရခဲ့တာပါ။

ဂျာမန်ဒုတိယတန်းကလပ် ကိုင်ဇာစလော့တန်အသင်းဟာ လေဗာကူဆင်အသင်းကို ဒုတိယပိုင်းတစ်ပိုင်းလုံးတစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ခြေစွမ်းပိုင်းမှာတော့ မယှဉ်နိုင်ဘဲ ပထမပိုင်းပွဲချိန်(၁၇)မိနစ်မှာ ရှာကာသွင်းယူတဲ့ဂိုးနဲ့အရှုံးပေးခဲ့ရတာပါ။

ဂျာမန်ဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံဆုအကြိမ်(၂၀)အထိ ရယူထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *