ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုကို ဟာလန်း ပယ်ချ

0

မနေ့က ဝက်စ်ဟမ်း(၁-၃)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်အပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်အသင်းစောစောစီးစီး ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းနဲ့(၁)ဂိုး ရလဒ်နဲ့သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ ခြေချော်သွားပြီဆိုတဲ့ပြောဆိုမှုတွေခံခဲ့ရတာပါ။

ပရီးမီးယားလိဂ်အဖွင့်ပွဲ(၂)ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ ပွဲမှာ တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် အငြင်းပွားဖွယ်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ချေပဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ အမှတ်လျော့ခဲ့ပေမယ့် မန်စီးတီးအသင်းကတော့ ဝက်စ်ဟမ်းအသင်းကို အနိုင်ရကာ ရာသီအစ(၃)ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့တာပါ။

အဲ့ဒါကြောင် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စောစောစီးစီးခြေချော်သွားပြီဆိုပြီး ပြောဆိုခဲ့ကြပေမယ့် ဟာလန်းကတော့ ဒီအကြောင်းကို ပြောဖို့ အချိန်မတန်သေးဘူးလို့ဆိုခဲ့ပါတယ်။ ဟာလန်းက “သူတို့ ခြေမချော်သေးပါဘူး။ ကျေးဇူးပြုပြီး ဒီစကားလုံးတွေအသုံးမပြုပါနဲ့”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြနေပြီး (၂)ပွဲဆက်တိုက်ဟက်ထရစ်သွင်းတာအပါအဝင် (၃)ပွဲကစားအပြီးမှာ (၇)ဂိုးသွင်းယူထားပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူးဟာလန်းကို မယုံနိုင်စရာကောင်းတဲ့သူအဖြစ် ဖော်ပြခဲ့ပြီး သူ့ရဲ့ဂိုးသွင်းမှုဗီဇကို ချီးကျူးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *