ဇင်ဘာဘွေ-ကင်မရွန်းပွဲအပြီး ကွင်းထဲက အိုနာနာထွက်ချိန်မှာ ယူဂန်ဒါပရိသတ်တွေ ဝိုင်းရံ

0

မနေ့က ဇင်ဘာဘွေ(ဝ-ဝ)ကင်မရွန်း Africa Cup of Nations ခြေစစ်ပွဲမှာ ကင်မရွန်းအသင်းနဲ့ သီးခြားကွင်းထဲက ထွက်ခွာခဲ့တဲ့ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ ယူဂန်ဒါပရိသတ်ရာနဲ့ချီ ဝိုင်းရံခြင်းခံခဲ့ရပါတယ်။

ယူဂန်ဒါနိုင်ငံမှာ မန်ယူနိုက်တက်အသင်းကို အားပေးတဲ့ ပရိသတ်တွေအများအပြားရှိပြီး နိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေအတွက် Facebook အစုအဖွဲ့မှာ Followers(၆၀၀,၀၀၀)နီးပါး ရှိတယ်လို့ သိရတာပါ။

အဲ့ဒါကြောင့် ယူဂန်ဒါပရိသတ်တွေဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း နိုင်ငံထဲ အိုနာနာရှိနေတဲ့အပေါ် စိတ်လှုပ်ရှားမှုတွေရှိနေတာဖြစ်ပါတယ်။ ယူဂန်ဒါနိုင်ငံရှိ The Namboole အားကစားကွင်းဟာ အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံရဲ့ခြေစစ်ပွဲတွေကို လက်ခံကျင်းပပေးနေတာပါ။ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ ဇင်ဘာဘွေအသင်းနဲ့ပွဲမှာ ကင်မရွန်းအသင်း သရေတစ်မှတ်ရရှိအောင် ဂိုးကာကွယ်မှုအများအပြားပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အိုနာနာဟာ ကွင်းထဲက ထွက်ပြီး လေဆိပ်ကို သွားဖို့ကြိုးစားတဲ့အချိန်မှာ ရူးသွပ်စရာကောင်းတဲ့ မြင်ကွင်းတွေဖြစ်ပေါ်ခဲ့တာပါ။ ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ အိုနာနာကို စောင့်ဆိုင်းနေကြပြီး သူ့ရဲ့အနားကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အိုနာနာရဲ့ကားအမြန်ဆုံးသွားလို့ရအောင် လမ်းကြောင်းရှင်းပေးခဲ့ပြီး ယူဂန်ဒါပရိသတ်အချို့က သူ့ကားရဲ့အနောက်ကို လိုက်ခဲ့ကြတဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။

ကင်မရွန်းအသင်းဟာ Africa Cup of Nations အဖွင့်ပွဲစဉ်မှာ နမီးဘီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ သရေကျခဲ့တာကြောင့် အုပ်စုပွဲစဉ်(၂)ပွဲကစားအပြီးမှာ ရမှတ်(၄)မှတ်ရရှိထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *