(၁)လနီးပါး ပွဲတွေနဲ့ဝေးကွာနေတဲ့ ဖိုဒန် မန်စီးတီးရဲ့လေ့ကျင့်ခန်းမှာ ပြန်ပါလာ

0

အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်ဟာ ဖျားနာမှုကြောင့် (၁)လနီးပါးကြာပွဲတွေနဲ့ ဝေးကွာပြီးနောက် မန်စီးတီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဖိုဒန်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာသာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ပြီး အစ်ဝှစ်ချ်၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ပွဲတွေကို လွဲချော်ခဲ့တာပါ။

အသက်(၂၄)နှစ်အရွယ်ရှိ ဖိုဒန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့ အိုင်ဒါပေမယ့် ဖိုဒန်ဟာတို့နဲ့ ပွဲတွေအတွက် အင်္ဂလန်အသင်းရဲ့Nations League လူစာရင်းမှာ ရွေးချယ်ခံရပေမယ့် သူဟာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖိုဒန်ဟာ ဒီအပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် မန်စီးတီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းအတွက် အားတက်စရာဖြစ်ခဲ့ရတာပါ။

မန်စီးတီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဖိုဒန်နဲ့အတူ ခရိုအေးရှားအသင်းအတွက် နိုင်ငံတကာပွဲစဉ်ကစားပြီးနောက် ပြန်ရောက်လာခဲ့တဲ့ ကွင်းလယ်လူ ကိုဗာချစ်၊အင်္ဂလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ နောက်ခံလူ ဝေါလ်ကာတို့ကို မြင်တွေ့ခဲ့ရပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဖိုဒန်ဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ဖို့ အဆင်သင့်ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမတိုင်ခင် ပြောခဲ့တာဖြစ်ပါတယ်။

ရာသီသစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့ မန်စီးတီးအသင်းဟာ စနေနေ့မှာ ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကြားရက်ထဲမှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *