စီရော်နယ်ဒိုရဲ့ဝေဖန်မှုကို မိမိဂရုစိုက်နေမှာမဟုတ်ဘူးလို့ တန်ဟတ် တုံ့ပြန်

0

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ဝေဖန်မှုကို သူဂရုစိုက်နေမှာမဟုတ်ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ တုံ့ပြန်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ YouTube တွေ့ဆုံခန်းမှာ ဒတ်ခ်ျလူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ရည်မှန်းချက်မရှိတဲ့သူလို့ ပြောဆိုခဲ့တာပါ။

စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းမှာ ဒုတိယအကြိမ်ကစားချိန်က နည်းပြအဲရစ်တန်ဟတ်နဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေရှိခဲ့ပြီး နောက်ဆုံးမှာ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ရီယိုဖာဒီနန်နဲ့ တွေ့ဆုံခန်းမှာ မန်ယူနိုက်တက်အသင်းနည်းပြတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားအတွက် တိုက်ပွဲဝင်နိုင်ဖို့ မရှိဘူးဆိုပြီး ပြောလို့မရဘူးလို့ နည်းပြဟောင်း အဲရစ်တန်ဟတ်ကို ဝေဖန်ခဲ့တာပါ။

ဒီလိုပြောဆိုမှုနဲ့ ပတ်သက်ပြီး အဲရစ်တန်ဟတ်က “သူလည်း မန်ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလားမရနိုင်ဘူးလို့ပြောခဲ့ပါတယ်။ သူဟာ အခုဆော်ဒီမှာဖြစ်ပြီး မန်ချက်စတာနဲ့ အဝေးကြီးပါ။ လူတိုင်းက ထင်မြင်ယူဆချက်တွေကို ပြောခွင့်ရှိတယ်”လို့ ဆိုခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် မကြာခဏဆိုသလို ဝေဖန်မှုတွေခံခဲ့ရပြီး ဒီရာသီအစပိုင်းမှာလည်း ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ရင်ဆိုင်နေရတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်(၃)ပွဲကစားအပြီးမှာ (၁)ပွဲသာအနိုင်ရကာ (၂)ပွဲအရေးနိမ့်ထားပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *