ဘရာဇီးလ်နိုင်ငံက အရန်အသင်းပွဲမှာ ဒေါသစိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိလို့ ဒီယေဂိုကော်စတာ ထုတ်ပယ်ခံရ

0

စပိန်တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဟာ ဂရီမီယိုအရန်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ဖလားပွဲစဉ်မှာ ဒေါသစိတ်ကိုထိန်းချုပ်နိုင်ခြင်းမရှိလို့ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီယေဂိုကော်စတာဟာ ဂျူဗင်တူဒီအရန်အသင်းနဲ့ ပွဲစဉ်မှာ ဂရီမီယိုအရန်အသင်းအတွက်ပါဝင်ခဲ့ပြီး ဒီပွဲစဉ်ဟာ ယူ-၂၀ ကစားသမားအများအပြားပါဝင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။

ဒီယေဂိုကော်စတာဟာ သူ့ကိုဖျက်ထုတ်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အင်္ကျီကိုဆွဲကိုင်ကာ တွန်းထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ အသင်း(၂)သင်းက ကစားသမားတွေနဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ ဒီအဖြစ်အပျက်ကို ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီးက ဒီယေဂိုကော်စတာကို အနီကတ်ပြထုတ်ပယ်ခဲ့တာပါ။ ဒီယေဂိုကော်စတာဟာ အသက်(၃၆)နှစ်ပြည့်ခါနီးပေမယ့် အခုအချိန်ထိ ပြောင်းလဲခြင်းမရှိသေးဘူးလို့ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်တွေပေးခဲ့ကြပါတယ်။

ဒီယေဂိုကော်စတာဟာ ဘိုတာဖိုဂိုအသင်းနဲ့ ပြီးခဲ့တဲ့ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးပြီးနောက် ဒီရာသီမှာ ဂရီမီယိုအသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ အက်သလက်တီကို၊ချယ်လ်ဆီးနဲ့ ဝုလ်ဗ်စ်အသင်းအပါအဝင် အသင်းအများအပြားမှာပါဝင်ကစားခဲ့တဲ့ ဒီယေဂိုကော်စတာဟာ ဂရီမီယိုအသင်းအတွက်(၁၅)ပွဲပါဝင်ကစားထားပြီး (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဂရီမီယိုအသင်းဟာ ဒီရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၅)နေရာမှာ ရပ်တည်နေတာပါ။

ဂရီမီယိုအသင်းအနေနဲ့ တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ရမှတ်တွေအများကြီးမကွာဟတာကြောင့် လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *