အရှုံးကနေ ချက်ခြင်း ပြန်လည်ရုန်းထနိုင်ဖို့ ကစားသမားတွေကို အာနီဆလော့ တိုက်တွန်း

0

မနေ့က လီဗာပူးလ်(ဝ-၁)နော်တင်ဂမ်ဖောရက်စ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ဟာ လီဗာပူးလ်အသင်းရဲ့ရှုံးပွဲကြောင့် စိတ်ပျက်နေပြီး ဒီအရှုံးကနေ ချက်ချင်းပြန်လည်ရုန်းထနိုင်ဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။

ရာသီအစပရီးမီးယားလိဂ်(၃)ပွဲစလုံးကို ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားတဲ့ ပထမဆုံးပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ နော်တင်ဂမ်ဖောရက်စ်အသင်းကို ဘောလုံးအသာစီးနဲ့ ကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှုအများအပြားလည်း ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးရနိုင်မယ့်အခွင့်အရေးဖန်တီးမှုနည်းပါးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းရဲ့ခံစစ်ကစားသမားတွေဟာ နော်တင်ဂမ်ဖောရက်စ်အသင်းရဲ့တန်ပြန်တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ခက်ခဲခဲ့လို့ သွင်းဂိုးခွင့်ပြုခဲ့ရတာပါ။ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဒီပွဲစဉ်မှာ သူတို့ရဲ့စွမ်းဆောင်ရည်အများအပြားဟာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

LIVERPOOL, ENGLAND – Saturday, September 14, 2024: Liverpool’s Curtis Jones and Cody Gakpo look dejected at the final whistle during the FA Premier League match between Liverpool FC and Nottingham Forest FC at Anfield. Notts Forest won 1-0. (Photo by David Rawcliffe/Propaganda)

အာနီဆလော့က “ကျွန်တော်တို့ဟာ ဘောလုံးပိုင်ဆိုင်မှုအများကြီးရှိခဲ့ပေမယ့် အခွင့်အရေးကောင်းတွေ (၃)ကြိမ်၊(၄)ကြိမ်လောက်ပဲ ဖန်တီးနိုင်ခဲ့တာပါ။ ဒါက လုံလောက်မှုမရှိပါဘူး။ ကျွန်တော်တို့အများကြီးပိုကောင်းဖို့လိုပါတယ်။ ဘောလုံးကို အကြိမ်ကြိမ်ဆုံးရှုံးခဲ့ပြီး ကြီးမားတဲ့ဆုတ်ယုတ်မှုပါပဲ”လို့ ဆိုခဲ့တာပါ။

နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးဘဲ အကောင်းဆုံးပုံစံတစ်ရပ်ကို ပြသနေပြီး လီဗာပူးလ်အသင်းကို ၁၉၆၉ နောက်ပိုင်း အန်ဖီးလ်ကွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *